Events
THAIFEX- Anuga Asia 2020
Updated At: 2020-01-23 05:15:09

“THAIFEX- Anuga Asia 2020” ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဘန်ကောက်မြို့၊ Maung Thong Thani ၊ ( IMPACT )တွင် ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(DITP)မှ ဦးဆောင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းပြပွဲသို့ မြန်မာနိုင်ငံမှ ပြခန်း(၁၀)ခန်းဖြင့် မြန်မာ့စားသောက်ကုန်များ၊ ရေထွက်ထုတ်ကုန်များ၊ မြန်မာ့သစ်သီးဝလံများ ပါဝင်ပြသနိုင်ရန် သက်ဆိုင်ရာအသင်းအဖွဲ့များသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဆက်သွယ်စည်းရုံးစီစဉ်လျက် ရှိပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃) နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026