Events
Guangdong and Macao Branded Products Fair 2023 (GMBPF) သို့ မြန်မာနိုင်ငံမှစီးပွာရေးလုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား
Updated At: 2023-06-01 12:36:23
မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ မကာအိုမြို့ရှိ Galaxy International Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၁၅) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ - ၂၀၂၃ ( 15th Guangdong and Macao Branded Products Fair 2023 – GMBPF ) သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင် ကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲ၌ မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာနှင့် အခြားကုန်စည်များအား လာရောက်ပြသနိုင်မည်ဖြစ်ပြီး ကွမ်တုံ-ဟောင်ကောင်-မကာအိုဒေသနှင့် မြန်မာနိုင်ငံတို့အကြား ခရီး သွားလာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်မည်ဖြစ်ကာ အပြန်အလှန် စီးပွားရေး ချိတ်ဆက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအား ဗဟိုပြု၍ တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတစ်လျှောက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်၊ GMBPF ပြပွဲ၏ မြန်မာနိုင်ငံဆိုင်ရာပြခန်းတွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင် များအတွက် ပြခန်းပေါင်း (၂၀) ခန်း ရရှိမည်ဖြစ်ကြောင်း၊ ပြခန်း (၁) ခန်းအတွက် မကာအိုဒေါ်လာ ၁,၄၀၀ (အမေရိကန်ဒေါ်လာ ၁၇၄.၄၅) ကို ပေးသွင်းရမည်ဖြစ်ကြောင်း၊ ပါဝင်ပြသသူ (၁) ဦးလျှင် ပြခန်း(၁)ခန်း ရရှိမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုထားသော ပြခန်း (၁) ခန်းစီအတွက် လာရောက်ပြသမည့် ကုန်စည်များတင်ပို့ရန် (အပြန်သယ်ယူပို့ဆောင်စရိတ်မပါ) မကာအိုဒေါ်လာ ၃,၀၀၀ ထောက်ပံ့မည် ဖြစ်ကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေများအား ပြပွဲစီစဉ်သူများထံ ကုန်တင်ပို့မှုပြေစာများ ပြသ၍ ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
ပြပွဲလာရောက်သူများအတွက် သတ်မှတ်ထားသည့် ဟိုတယ်များတွင် (၅) ညတာ တည်းခို နေထိုင်ရန်နှင့် သတ်မှတ်ဟိုတယ်နှင့် ပြပွဲခန်းမအကြားသွားရောက်ရန် မော်တော်ယာဉ်စီစဉ်ပေးထား မည်ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သတင်းရရှိပါသည်။
source: https://www.commerce.gov.mm
Event Details
- Date
- 27th to 30th July 2023
- Location
- မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ မကာအိုမြို့ရှိ Galaxy International Convention Center
- Website
- www.myantrade.gov.mm
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026