Events
COEX Food Week 2024 ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-10-02 12:13:25
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ညီလာခံများနှင့် ပြပွဲများကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ COEX Food Week 2024 ပြပွဲကျင်းပမည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကိုဖော်ပြထားပါသည်-
(က) COEX Food Week 2024 ကို World FoodTech Expo နှင့် the Korea Bakery Show တို့နှင့်အတူ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပလေ့ရှိသည့် စားသောက်ကုန်ပြပွဲများအနက် အစည်ကားဆုံးပြပွဲဖြစ်ပါကြောင်း၊
( ခ ) ပြပွဲကာလအတွင်း ကမ္ဘာအနှံ့ရှိ စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍမှ ကုန်စည်နှင့် ဝန်ဆောင်မှုများစွာကို ခင်းကျင်းပြသသွားမည်ဖြစ်ပါကြောင်း၊
( ဂ ) အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ခြင်း၊ ပြသခြင်းအားဖြင့် ကမ္ဘာအနှံ့မှသက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ရင်းနှီးမှုကိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ပါ ကြောင်း၊
(ဃ) နှစ်စဉ်ကျင်းပသည့် COEX Food Week ပြပွဲများတွင် ပြခန်းများယူ၍ ပါဝင်ပြသနိုင်ရေး စဉ်းစားနိုင်စေရန်ရည်ရွယ်၍ COEX Food Week 2024 သို့ လာရောက် လည်ပတ် လေ့လာနိုင်ရန် ဖိတ်ကြားခြင်းဖြစ်ပါကြောင်း၊
( င ) ပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ ကုမ္ပဏီ ၁,၀၀၀ ခန့်က ပြခန်းပေါင်း ၁,၄၀၀ ကျော်ကို ခင်းကျင်း ပြသသွားမည်ဖြစ်ပါကြောင်း၊
( စ ) ပြပွဲသို့ လာရောက်လေ့လာသူနှင့် အဝယ်တော်စုစုပေါင်း ၅၅,၀၀၀ ခန့် တက်ရောက်နိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းထားပါကြောင်း၊
(ဆ) ပြပွဲကို COEX နှင့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့က ကြီးမှူး ကျင်းပသွားမည်ဖြစ်ပါကြောင်း၊
( ဇ ) လျှောက်ထားလာသည့် လျှောက်လွှာများအနက် COEX Food Week 2024 သို့ တက်ရောက်လေ့လာရန် ရွေးချယ်ခံရပါက တက်ရောက်မည့်ကိုယ်စားလှယ်အတွက် နံနက်စာပါဝင်သည့် ဟိုတယ်အခန်းတစ်ခန်းကို ၄ ညတာ တည်းခိုနေထိုင်ခွင့်နှင့် နှစ်ရက်စာ နေ့လယ်စာတို့ကို ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊
( ဈ ) လေယာဉ်လက်မှတ်ခအတွက်လည်း အကန့်အသတ် ပမာဏတစ်ခုအထိ ပြန်လည်ပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ သို့သော် လေယာဉ်လက်မှတ်ခ ပြန်လည်အမ်းငွေသည် နိုင်ငံ အလိုက် ကွဲပြားမည်ဖြစ်ပါကြောင်း၊
(ည) ပြည်ဝင်ခွင့် (Visa) လျှောက်ထားမှုအတွက် ဖိတ်ကြားစာများ ထောက်ပံ့ပေးမည် ဖြစ်သော် လည်း ကုန်ကျစရိတ်အတွက် ကျခံမည်မဟုတ်ပါကြောင်း။
COEX Food Week 2024 သို့ လာရောက်လေ့လာရန် ဖိတ်ကြားရာတွင် အောက်ပါအဆင့်ရှိ ပုဂ္ဂိုလ်များကို ဖိတ်ကြားသွားလိုပါကြောင်း ဖော်ပြပါရှိပါသည်-
(က) ပြည်ပကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများ (သို့) စားသောက်ကုန်နှင့်ဆက်နွယ်သော အဖွဲ့အစည်းများမှ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဝါရင့်စီမံခန့်ခွဲမှုအဆင့်ရှိ ကိုယ်စားလှယ်များ၊
( ခ ) ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက် စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော စားသောက်ကုန်နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ၊
( ဂ ) ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက်စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော ပြည်ပ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်းများ၊
(ဃ) ပြည်ပနိုင်ငံများတွင် ကျင်းပသည့် ကုန်စည်ပြပွဲများတွင် နိုင်ငံအလိုက်ပြခန်းများ သွား ရောက်ဖွင့်လှစ်ပြသနိုင်ရေးအတွက် ငွေကြေးအထောက်အပံ့များပေးသည့် အစိုးရ အဖွဲ့အစည်းများ။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026