Events
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ရှမန်မြို့တွင် “(၂၄) ကြိမ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲ (24th China International Fair for Investment & Trade-CIFIT)” ကျင်းပပြုလုပ်မည်
Updated At: 2024-07-11 13:10:55
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ရှမန်မြို့တွင် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ “(၂၄) ကြိမ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲ (24th China International Fair for Investment & Trade-CIFIT)” ကို ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြပွဲကို “နှစ်ဦးနှစ်ဘက် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လျက် ကမ္ဘာတစ်ဝှမ်း ဆက်စပ်ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန် (Further expanding bilateral investment, Jointly facilitating global development)” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် အစိမ်းရောင်နှင့်ကာဗွန်ထုတ်လုပ်မှုလျော့နည်းသည့် ဖွံ့ဖြိုးတိုးတက်မှု၊ ဒီဂျစ်တယ်စီးပွားရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စသည့်အကြောင်းအရာများကို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ဦးရွက်ပြုမှု၊ တရုတ်နိုင်ငံအတွင်း အရည်အသွေးမြင့် ရင်းနှီမြှုပ်နှံမှု စသည်များအား နိုင်ငံတကာနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မူဘောင်များအတွင်း အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်။
ပြပွဲကျင်းပရေးကော်မတီအနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရာရှိများ၊ ကုမ္ပဏီလုပ်ငန်းကိုယ်စားလှယ်များမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ မူဝါဒနှင့် အဓိကလုပ်ငန်းများ စသည်တို့ကို ပြခန်းဖွင့်လှစ်၍ ပါဝင်ပြသနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဧရိယာအတွင်း ပြခန်းတစ်ခု အခမဲ့စီစဉ်ပေးမည်ဖြစ်ရာ သတ်မှတ်ဧရိယာထက် ကျော်လွန်ပြသလိုပါက အဆိုပါနေရာအတွက် ပြခန်းခ ကောက်ခံမည်ဖြစ်ကာ discount rate အတွက် ဆွေးနွေးညှိနှိုင်းနိုင်ပါကြောင်းနှင့် အခမဲ့စီစဉ်ပေးမည့် ပြခန်းဧရိယာသည် (၁၈) စတုရန်းမီတာဖြစ်ပြီး ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာခရီးသွားလာစရိတ်ကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ပါကြောင်းနှင့် ပြပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ [email protected] သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြပါရှိပါသည်။
အထက်ပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025