Events

အိန္ဒိယနိုင်ငံတွင် ဓာတုပစ္စည်းနှင့်ရေနံဓာတုပစ္စည်းပြပွဲ (Chemicals & Petrochemicals Expo 2025 – CPX 2025) နှင့် ကွန်ပေါင်းပစ္စည်းနှင့် ဖိုက်ဘာမှန်ပြပွဲ (Composites and Fiberglass Expo 2025 – CFX 2025) ကုန်စည်ပြပွဲ ကျင်းပမည်

Updated At: 2025-06-16 15:07:33

အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CII) မှ ဦးစီး၍ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ Gandhinagar မြို့တွင် ဓာတုပစ္စည်းနှင့်ရေနံဓာတုပစ္စည်းပြပွဲ (Chemicals & Petrochemicals Expo 2025 – CPX 2025) နှင့် ကွန်ပေါင်းပစ္စည်းနှင့်ဖိုက်ဘာမှန်ပြပွဲ (Composites and Fiberglass Expo 2025 – CFX 2025) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အထက်ပါပြပွဲသို့ ကုန်သည်လုပ်ငန်းရှင်ကြီးများ၊ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများ၊ ကုန်ပစ္စည်းဝယ်ယူတင်သွင်းသူများ၊ အစိုးရတာဝန်ရှိသူများ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး နောက်ဆုံးထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 
ပြပွဲတွင် Indoor Raw Space အတွက် ပြခန်းခနှုန်းထားမှာ ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၀၀/- ၊ Build – Up Space ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၅၀/- ကျသင့်မည် ဖြစ်သည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။ 

 

Event Details

Date
12th to 14th November, 2025
Location
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ Gandhinagar မြို့
Website

More Events