Events
Global Game Exhibition G-STAR 2024 ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-08-27 11:33:08
ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ရှိ ဘူဆန်ပြပွဲများနှင့် ညီလာခံများကျင်းပရာဗဟိုဌာန (Busan Exhibition and Convention Center – BEXCO) တွင် Global Game Exhibition G-STAR 2024 ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြပွဲသို့ အာဆီယံနိုင်ငံများမှ ဂိမ်းကုမ္ပဏီများ (Game Companies) နှင့် ဂိမ်းနှင့်သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းများ ပါဝင်ပြသနိုင်ပါကြောင်း ဖိတ်ကြားလာသည်။
အဆိုပါပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများရှိ Game Companies များ၏ ယှဉ်ပြိုင်နိုင်စွမ်းအားကို မြှင့်တင်ပေးရန်၊ အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိ ဂိမ်းလုပ်ငန်းကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်နှင့် အာဆီယံနိုင်ငံများရှိ ဂိမ်းကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်ရှာဖွေနိုင်သည့် အခွင့်အလမ်းများ ထောက်ပံ့ပေးရန်တို့ဖြစ်သည်။
အဆိုပါဖိတ်ကြားစာတွင် အောက်ပါအတိုင်းဖော်ပြပါရှိပါသည်-
၁။ Global Game Exhibition G-STAR 2024 ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် ဂိမ်းကုမ္ပဏီများ၏ ဈေးကွက်အလားအလာအပေါ် ထားရှိသည့်အမြင်များ ကျယ်ပြန့်လာနိုင်ကြောင်း၊
၂။ ၎င်းပြပွဲသည် တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပခဲ့သည့် ပြပွဲကြီးဖြစ်ကြောင်း၊
၃။ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် ဂိမ်းလုပ်ငန်းကဏ္ဍနှင့်စပ်လျဉ်းသည့် ပြပွဲများအနက် အကြီးဆုံးပြပွဲဖြစ်ကြောင်း၊
၄။ အာဆီယံနိုင်ငံများရှိ ဂိမ်းကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်သို့ မိတ်ဆက်ပေးရန် ရည်ရွယ်၍ ASEAN-Korea Center က G-STAR 2024 တွင် ပြခန်းများဝယ်ယူကာ ပါဝင်ပြသရန် စီစဉ်ထားကြောင်း၊
၅။ ပြပွဲတွင် Game Software (online, mobile, video, board, pc, arcade, console, cloud, indie, XR, AI, IP) နှင့် Game-related Hardware တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊
၆။ G-STAR 2024 တွင် ပါဝင်ပြသရန် အာဆီယံနိုင်ငံတစ်နိုင်ငံချင်းစီမှ လုပ်ငန်းရှင် (၃) ဦးစီကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊
၇။ ပြခန်းတည်ဆောက်ခြင်းနှင့် ပြခန်းတွင် ကုမ္ပဏီတစ်ခုချင်းစီမှ ပေးပို့လာမည့် နောက်ခံပုံများ ဖြင့် ပြခန်းအလှဆင်ပေးခြင်းတို့ကို ASEAN-Korea Center က ကုန်ကျခံ၍ ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်း၊
၈။ ပြခန်းအား ထပ်မံအလှဆင်ရန် ကုမ္ပဏီတစ်ခုချင်းစီ၏ စိတ်ကြိုက်ပုံနှိပ်ခြင်းအတွက် ASEAN-Korea Center က ကုန်ကျခံပေးမည်မဟုတ်ပါကြောင်း၊ ပြခန်းခပေးဆောင်ရန် မလိုအပ်ကြောင်း၊
၉။ ကုမ္ပဏီတစ်ခုမှ လူဦးရေတစ်ဦးစီအတွက် (၄) ညစာ တည်းခိုနေထိုင်စရိတ် (၁၃-၁၁-၂၀၂၄ ရက်နေ့မှ ၁၆-၁၁-၂၀၂၄ ရက်နေ့အထိ မနက်စာအပါအဝင်) ကျခံပေးသွားမည်ဖြစ်ကြောင်း၊ လေယာဉ်စရိတ် ကျခံပေးမည်မဟုတ်ကြောင်း၊ ကိုရီးယားပြည်တွင်းရှိ လေဆိပ် (Gimhae International Airport) မှ ဟိုတယ် (Shilla Stay Haeundae) အထိ သွားသည့် ခရီးစရိတ်ကိုလည်း ကျခံပေးမည် မဟုတ်ကြောင်း၊
၁၀။ ပါဝင်ပြသမည့် ကုမ္ပဏီများသည် AKC ၏ Google Drive Link ဖြစ်သည့် (https://drive.google.com/drive/folders/1eoMX-U3W3JKMwslb0 KbjiMTsA8b7Frh?usp=sharing) တွင် မိမိနိုင်ငံ Folder ကိုရှာပြီး အဆိုပါ Folder တွင် Official Company Name ဖြင့် သီးခြား Folder ထပ်မံတည်ဆောက်ရမည်ဖြစ်ကြောင်း၊
၁၁။ အဆိုပါကုမ္ပဏီ Folder ထဲတွင် ပြသမည့်အဓိကပစ္စည်း (Game Software နှင့် Game-related Hardware) တို့၏ Digital Images များ၊ ပြသသူ၏ Digital Logo Image များ၊ Company Brochures နှင့် Product Catalogues တို့ကို ထည့်သွင်းပေးထားရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025