Events
Banglar Nobojiagoron (Bengal Rising 3.0) ကုန်စည်ပြပွဲနှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-10-30 16:26:29
ဘင်္ဂလားစီးပွားရေးကောင်စီ (Bengal Business Council) မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့၊ Boi Mela Prangan တွင် Banglar Nobojiagoron (Bengal Rising 3.0) ကုန်စည်ပြပွဲနှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။
ယခုကျင်းပမည့်ကုန်စည်ပြပွဲသည် တတိယအကြိမ်မြောက် ကျင်းပသည့်ကုန်စည်ပြပွဲဖြစ်ပြီး စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲများ၊ ယဉ်ကျေးမှုအနုပညာ၊ ဖျော်ဖြေရေးနှင့် လက်မှုပစ္စည်းများ၊ အစားအသောက်ပြပွဲများ၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ကလေးများအတွက် ကစားရန်နေရာ ဇုန်အမျိုးမျိုးသတ်မှတ်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက် မိတ်ဖက်နိုင်ငံအဖြစ် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ ပါဝင်ပြသမည်ဆိုပါက ပြခန်းယူ၍ ပါဝင်ပြသသူ (Exhibitor) အနေဖြင့်သာမက လာရောက် လည်ပတ်သူ (Visitor) အနေဖြင့်လည်း ပါဝင်နိုင်ပြီး ပါဝင်ပြသမည့်သူများအတွက် ပြခန်းခများအား အောက်ပါအထူးနှုန်းထားများ သတ်မှတ်ပေးသွားမည်သွားမည်ဖြစ်သည်-
၁။ ပုံမှန်အကျယ်အဝန်းရှိ ပြခန်း (၁) ခန်းအပါအဝင် ပါဝင်ပြသသူ (၁) ဦးလျင် ရူပီး ၇၅၀၀၀ အမေရိကန်ဒေါ်လာ ၈၉၂ ခန့်၊ အကယ်၍ (၂) ဦးဖြစ်ပါက ရူပီး ၁၀၀၀၀၀ အမေရိကန်ဒေါ်လာ ၁၁၉၀ ခန့်ဖြစ်ကြောင်း၊
၂။ Visitor အနေဖြင့် လိုက်ပါမည်ဆိုပါက (၁) ဦးလျင် ရူပီး ၅၀၀၀၀ အမေရိကန်ဒေါ်လာ ၅၉၅ ခန့်၊ အကယ်၍ (၂) ဦးဖြစ်ပါက ရူပီး ၇၅၀၀၀ အမေရိကန်ဒေါ်လာ ၈၉၂ ခန့်ဖြစ်ကြောင်း၊
၃။ အဆိုပါကုန်ကျစရိတ်တွင် ပြပွဲနှင့် အနီးဆုံးရှိ ဟိုတယ်၌ မနက်စာနှင့် ညစာသုံးဆောင်ရန် အပါအဝင် တည်းခိုနေထိုင်ရန်နှင့် နေ့လည်စာကို ပြပွဲ၌ စားသောက်နိုင်ရန်စီစဉ်ထားပါကြောင်း၊ လေဆိပ်ကြို/ပို့ ဟိုတယ်နှင့် ပြပွဲ ကြို/ပို့ စသည့် ဝန်ဆောင်မှုများလည်း ပါဝင်ပါကြောင်း။
Banglar Nobojiagoron (Bengal Rising 3.0) ကုန်စည်ပြပွဲနှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်မည့်သူများအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း - ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026