Events
Hong Kong Fintech Week 2024 (HKFTW 2024 ကျင်းပပြုလုပ်မည်
Updated At: 2024-05-31 11:41:56
InvestHK က စီစဉ်ကျင်းပသည့် Hong Kong Fintech Week 2024 (HKFTW 2024) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာနိုင်ငံမှ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ပါကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါဖိတ်ကြားစာတွင် အောက်ပါအတိုင်းဖော်ပြပါရှိပါသည်-
(က) HKFTW 2024 တွင် ဘဏ္ဍာရေးနှင့် နည်းပညာလုပ်ငန်းများအကြား အတွေးအမြင် ဖလှယ်ပြီး လုပ်ငန်းဆောင်ရွက်မှု ချဲ့ထွင်နိုင်သည့် ရက်အလိုက်အစီအစဉ်များဖြစ်သည့် ဆွေးနွေးပွဲနှင့် ပြခန်းခင်းကျင်းပြသမှု၊ မဟာပင်လယ်ကွေ့ဒေသ ကုမ္ပဏီလေ့လာရေးများ၊ ဟောင်ကောင် ဒေသလေ့လာရေးအစီအစဉ်များအပြင် ညနေပိုင်းလှုပ်ရှားမှုအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊
( ခ ) ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် HKFTW သို့ ကမ္ဘာတစ်လွှားမှ ပါဝင်တက်ရောက်သူ စုစုပေါင်း ၃၅,၀၀၀ ကျော်ရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် HKFTW တွင် အခမ်းအနား ကျင်းပရာနေရာအား ပိုမိုတိုးချဲ့မည်ဖြစ်ကြောင်း၊
( ဂ ) အစိုးရနှင့်အဖွဲ့အစည်းများ၏ စီစဉ်မှုဖြင့် ပါဝင်လာမည့် ကိုယ်စားလှယ်များ ပိုမိုပါဝင်လာမှုကို ကြိုဆိုသည့်အနေဖြင့် Complementary Delegation Programme ကို အစိုးရ အဖွဲ့အစည်း၊ ကုန်သည်လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြခန်းတစ်ခု၌ ပါဝင်ပြသမည့် ကိုယ်စားလှယ်အဖွဲ့တွင် Fintech ကုမ္ပဏီ ၅ ခုမှ ၇ ခုအထိ ပါဝင်ပါက (၂၄ စတုရန်းမီတာ) ပြခန်း ၁ ခန်းနှင့် ကုမ္ပဏီ ၈ ခုမှ ၁၀ ခုအထိ ပါဝင်ပါက (၃၆ စတုရန်းမီတာ) ပြခန်း ၁ ခန်းကို ဦးရာလူစနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း၊
(ဃ) ဖော်ပြပါကင်းလွတ်သက်သာခွင့် အစီအစဉ်တွင် InvestHK အနေဖြင့် ပြခန်းနေရာအတွက် သာ အခမဲ့ပါဝင်ခွင့်ပြုခြင်းဖြစ်ပြီး ပြခန်းပြင်ဆင်မှုကုန်ကျစရိတ်ကို ပါဝင်ပြသသူမှကျခံရမည် ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
အထက်ပါပြပွဲတွင် ပါဝင်ပြသလိုသည့် UMFCCI နှင့် သက်ဆိုင်ရာညီနောင်အသင်းအဖွဲ့များမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာအချက်အလက်များကိုwww.fintechweek.hk တွင် ဝင်ရောက် လေ့လာနိုင်ပါရန်နှင့် အသေးစိတ်အချက်အလက်များကို Susanna Chen (FinTech Programs and Delegation Manager) ၊ Email: [email protected] နှင့် ဖုန်းနံပါတ် +၈၅၂ ၂၁၅၆ ၉၃၄၂ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026