အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Myantrade

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myanmar Trade Promotion Organization- MYANTRADE )

ကုန်သွယ်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ရာ ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများသည် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်း ကဏ္ဍတွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန်အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင်၂၀၁၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပါသည်။

မျှော်မှန်းချက်

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံတကာအဆင့်မီ ပို့ကုန်မြင့်တင်ရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်စေရန်။

ရည်မှန်းချက်

    - ကုန်သွယ်မှုသတင်းအချက်အလက်များကို ပြည်တွင်းထုတ်လုပ်သူများအား ပံ့ပိုးပေးရန်။

    - မြန်မာ့ပို့ကုန်များ ဒေသတွင်းနှင့် ကမ္ဘာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရန်။

    - အရည်အသွေးကောင်းမွန်သည့် ပို့ကုန်အမျိုးအစားများစွာကို တိုးချဲ့တင်ပို့နိုင်စေရေးနှင့် ဈေးကွက်များရှာဖွေရန်။

    - နိုင်ငံတကာတွင် မြန်မာ့ထုတ်ကုန်များ၏ "ဂုဏ်သတင်း" ကို မြှင့်တင်ရန်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅

   အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy- NES) ကို ၂၀၁၃ ခုနှစ်တွင် စတင် ရေးဆွဲခဲ့ပါသည်။
    NES ၏ ဉီးစားပေးကဏ္ဍ (၁၁) ခု (၂၀၁၅-၂၀၁၉)-ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက် ကုန်၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ ခရီးသွားလုပ်ငန်း၊ ရော်ဘာ၊ ဘဏ္ဍာ ရေးဝန်ဆောင်မှုများရရှိနိုင်ရေး၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှု၊ အရည်အသွေးစီမံခန့် ခွဲမှု၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး။    
    ၂၀၂၀- ၂၀၂၅ ခုနှစ်တွင် စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ လယ်ယာထွက်ပစ္စည်းအခြေခံ စား သောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ ကျောက်မျက်နှင့် လက် ဝတ်ရတနာကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊  တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍတို့ဖြင့် ဦးစားပေးကဏ္ဍ (၁၈) ခုဖြင့် အကောင် အထည်ဖော်မည် ဖြစ်သည်။

ကုန်စည်ပြပွဲများ ကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် “မြန်မာ့ထွက်ကုန် နိုင်ငံ့ဂုဏ်နှင့် ကုန်သွယ်မှုမြှင့်တင်ရန် ကုန်စည်ပြပွဲကိုအခြေခံ” ဟူသော ဆောင်ပုဒ်များနှင့်အညီ နိုင်ငံတကာအဆင့်မီ ပြည်တွင်းထုတ်ကုန်များကို ပြည်ပစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသ နိုင်ရန် စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ကုန်စည်ပြပွဲဆိုင်ရာ တင်ပို့/တင်သွင်းမည့် ပစ္စည်းများအတွက် အထွေထွေ ခွင့်ပြုမိန့် (Open General License-OGL) ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ကုန်စည်ပြပွဲများနှင့်ပတ်သက်၍ ဆက်သွယ်ရန်

    ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ် (၃)၊ နေပြည်တော်
    ဖုန်း   - ၀၆၇- ၃၄၀၈၆၀၈၊ ၀၆၇- ၃၄၀၈၆၂၂၊ ၀၆၇- ၃၄၀၈၆၂၃
    E-mail:    [email protected], [email protected]

မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန

    မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနကို အကောင်းဆုံး မြန်မာ့ထုတ်ကုန်များကို တစ်နေရာတည်းတွင် စုစည်းပြသရောင်းချပေးနိုင်ရန်၊ မြန်မာ့ထုတ်ကုန်များကို ရောင်းအားမြှင့်တင်နိုင် ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်၊ Doing Business in Myanmar လုပ် ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင် ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိပါသည်။
    ကုန်သွယ်မှုလုပ်ငန်းများအတွက် လာရောက်သူ နိုင်ငံခြားသားများ၏ ဗီဇာသက်တမ်းတိုး ထောက်ခံ ချက်ထုတ်ပေးခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲများ၊ International Trade ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ပြည်ပကုန်စည်ပြပွဲများသို့ သွားရောက်ပြသမည့် ကုန်သည်လုပ်ငန်းရှင်များကို စည်းရုံးစု စည်းပြသစေခြင်းဆိုင်ရာ ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊ SME လုပ်ငန်းရှင်များ၏ ထုတ်ကုန် များကို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဈေး ကွက်သစ်များ ရှာဖွေပေးခြင်း၊ ပြည်ပဈေးကွက်သတင်းအချက်အလက် စုဆောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ Exporter Help Desk နှင့် Doing Business Help Desk များဖွင့်လှစ်၍ ပုဂ္ဂလိကကဏ္ဍမှ လိုအပ်သည့် အခက်အခဲများ ကူညီညှိနှိုင်းပေးခြင်း၊ Export Promotion အတွက် Young Exporter Club ဖွဲ့စည်း၍ Exporter များ၏ လိုအပ်ချက်များ အနီးကပ် ကူညီဖြေရှင်းပေးခြင်း၊ မြန်မာ့ထုတ်ကုန် အမှတ်တံဆိပ် (Myanmar Brand) ကိုဖော်ထုတ်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ အသိအမှတ်ပြု ထုတ်ကုန်၊ ဝန်ဆောင်မှုအဖြစ် အသိအမှတ်ပြု၍ ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်း ရှင်များကို အားပေးကူညီခြင်း၊ မြန်မာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ပို့ကုန်ပြခန်းနှင့် အရောင်းခန်းမ ထားရှိဆောင်ရွက်ခြင်း၊ စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်၍ စီးပွားရေးဆိုင်ရာသတင်း အချက်များ၊ အခွင့်အလမ်းများကို အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များကို အသိပေး ဆောင်ရွက်လျှက်ရှိ ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးမှူးရုံးများကို နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းမှလုပ်ငန်းရှင်များ ချိတ်ဆက်၍ သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်နှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း (တောင်ကြီး/မူဆယ်)၊ မကွေး၊ ဧရာဝတီတို့တွင် ဦးစီးမှူးရုံးများကို ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါဦးစီးမှူးရုံးများသည် စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းအချက်အလက်များဖြန့်ဝေပေးခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင်များ တောင်သူလယ်သမားများ အား ကုန်သွယ်မှုနှင့်သက်ဆိုင်သော သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာဝန်ဆောင်မှုများနှင့် လုပ်ငန်းဆောင် ရွက်မှုများကို သိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ကုန်စည်ပြပွဲများတွင် ကူညီဆောင်ရွက်ပေးခြင်းတို့ ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။

အထူးစီးပွားရေးဇုန် (SEZs) များ 

    အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ အဓိကရည်မှန်းချက်များကို အထောက်အကူဖြစ် စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်ပပို့ကုန်တိုးတက်၍ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိ စေရန်၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်း/ ပြည်ပမှ ရင်းနှီး မြှုပ်နှံသူများမြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။     
    မြန်မာနိုင်ငံတွင် နိုင်ငံ၏ စီးပွားရေးရည်မှန်းချက်များကို အထောက်အကူဖြစ်စေရန်အတွက် ဆောင် ရွက်လျက်ရှိသည့် အထူးစီးပွားရေးဇုန် (၃) ခုမှာ သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ တို့ဖြစ်ပါသည်။
    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အထူးစီးပွားရေးဇုန်များ ဖွံဖြိုးတိုးတက်ရေး အတွက် အဓိက တာဝန်ယူဆောင်ရွက်ရသည့် တာဝန်ခံဝန်ကြီးဌာန ဖြစ်ပါသည်။ မြန်မာစီးပွားရေးဇုန် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် မြန်မာဘာသာဖြင့် ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ 

စီးပွားရေးသတင်းအချက်အလက်များ ဖြန့်ဝေခြင်း

    စီးပွားရေးသတင်းအချက်အလက်များ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၏ သတင်းအချက် အလက်များ၊ စီးပွားရေးသံမှူးများမှ ပေးပို့လာသည့် သတင်းများ၊ ဝန်ကြီးဌာန၏ ကုန်သွယ်မှုမူဝါဒများ၊ အသိပေးကြေငြာချက်များ၊ ပြည်တွင်း/ ပြည်ပတွင် ကျင်းပသည့် ကုန်စည်ပြပွဲအစီအစဉ်များ၊ စျေးကွက် စျေးနှုန်းနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ ပြည်ပပို့ကုန် အလားအလာ ရှိသော ထုတ်ကုန်များ၏ ထွက်ရှိရာဒေသများနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ စီမံကိန်းအရ ပါဝင်သည့် ကဏ္ဍအလိုက် အကြောင်းအရာများကို (www.myantrade.gov.mm) တွင် တင်ပြပေးလျက် ရှိပါသည်။
                     ဆက်သွယ်ရန်ဖုန်း  - ၀၆၇- ၃၄၀၈၆၀၇၊ ၀၆၇-၃၄၀၈၆၂၄၊ ၀၆၇-၃၄၀၈၆၂၅
                     E-mail   :  [email protected][email protected]

    ပြည်နယ်/ တိုင်းဒေသကြီးများရှိ ဦးစီးမှူးရုံးများသို့ အပတ်စဉ်၊ လစဉ်စျေးကွက်သတင်းလွှာများအား ဖြန့်ဝေခြင်းနှင့် စျေးကွက်အလားအလာရှိသော ကုန်စည်များအား သုတေသနပြုခြင်းတို့ ကို ဆောင်ရွက်ပါသည်။

Myantrade Website ၏ ဝန်ဆောင်မှုများ (Online Trade Information Services)

    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် Trade Information Service လုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိရာ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များသို့ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ညီသော Trade Information Service များကို www.myantrade.gov.mm (Website) တွင် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
    နိုင်ငံခြားဈေးကွက်အတွက် စည်းမျဉ်းစည်းကမ်းများကို နိုင်ငံအလိုက် ရှာဖွေလေ့လာနိုင်ခြင်း၊ နိုင်ငံ တကာ ကုန်သွယ်မှုဆိုင်ရာ သုံးသပ်ချက်များကို စိစစ်ထုတ်ယူနိုင်ခြင်း၊ မြန်မာနိုင်ငံတွင် ကုန်သွယ်ဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီလိပ်စာများ၊ ဈေးကွက်ဆိုင်ရာ အစီရင်ခံစာများကို စိစစ်ရှာဖွေနိုင်ခြင်း စသည့် Marketing Tools များ ပါဝင်ပါသည်။ 
    ပို့ကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မြန်မာထုတ်လုပ်သူများ၏ ကုန်ပစ္စည်းများကို ပြသထား သည့် Online ပြခန်း၊ ပို့ကုန်လုပ်ငန်းနှင့်ပတ်သက်သော မေးခွန်းနှင့် အဖြေများ၊ တိုက်ရိုက်မေးမြန်းနိုင် သော (Live Chat)၊ ပြည်ပမှ Buyer များက မြန်မာပို့ကုန်လုပ်ငန်းရှင်များကို ရှာဖွေချိတ်ဆက်နိုင်မည့် (Find Your Supplier)၊ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ပါရှိသော အလားအလာရှိသော ပို့ကုန်များ အကြောင်း၊ နိုင်ငံတကာ ပို့ကုန်လုပ်ငန်းဆိုင်ရာ အချက်များကို ရှာဖွေနိုင်သည့် website Links များ၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဆောင်ရွက်နေသော ဒေသဆိုင်ရာထုတ်ကုန်ပြပွဲအစီအစဉ်များနှင့် အခြားဝန်ဆောင်မှုများအကြောင်းကို လေ့လာနိုင်မည်ဖြစ်ပါသည်။

စီးပွားရေးသံမှူးများ စေလွှတ်ခြင်း

    စီးပွားရေးသံမှူးများ စေလွှတ်ခြင်းမြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးတို့ကို အထောက်အကူပြုစေရေးအတွက် စီးပွားရေးသံမှူးများအား စီးပွားရေးအရ အရေးပါသော နိုင်ငံများသို့ စေလွှတ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Focal ဌာနအဖြစ် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့မှစတင်၍ တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပါသည်။

စီးပွားရေးသံမှူးများ စေလွှတ်ထားရှိခဲ့သည့် နိုင်ငံများ

    ဂျပန်နိုင်ငံ၊ကိုရီးယားသမ္မတနိုင်ငံ၊အိန္ဒိယနိုင်ငံ(နယူး‌ဒေလီမြို့၊ကော်လ်ကတ္တားမြို့)၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပေကျင်းမြို့၊ နန်နင်းမြို့၊ ကူမင်းမြို့၊ ဟောင်ကောင်မြို့)၊ အမေရိကန်ပြည်ထောင်စု၊ ယူ‌အေအီးနိုင်ငံ(ဒူဘိုင်းမြို့)၊  ဂျာမနီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ရှရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ တို့တွင် စီးပွားရေးသံမှူး များ စေလွှတ်ထားပါသည်။