Singapore

(၃၃) နိုင်ငံမှ တင်သွင်းလာသည့် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် အပင်ပိုးမွှားရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်လိုအပ်ချက်ကို ဖယ်ရှားလိုက်ခြင်း

Last Updated:

မက္ကဆီကိုနိုင်ငံနှင့် တောင်အမေရိက အပူပိုင်းနိုင်ငံများပါဝင်သော နိုင်ငံစုစုပေါင်း (၃၃) နိုင်ငံမှ လတ်ဆတ်သောသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ (ဖြတ်တောက်/ ပိုင်းစိတ်ထားခြင်း၊ အခွံနွှာထားခြင်း၊ ဗူးခွံဖြင့်ထုပ်ပိုးထားခြင်း၊ အေးခဲထားခြင်း စသည့်ပြုပြင်ထုတ်လုပ်ထားမှုမရှိသေးသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ) ကို စင်ကာပူနိုင်ငံသို့ တင်သွင်းရာတွင် အပင်ပိုးမွှားရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် (Phytosanitary Certificate) တင်ပြရန် မလိုအပ်တော့ကြောင်း စင်ကာပူစားသောက်ကုန်အေဂျင်စီ (Singapre Food Agency - SFA) က စင်ကာပူနိုင်ငံရှိ လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်သွင်းသူများသို့ ၂၆ - - ၂၀၂၂ ရက်စွဲဖြင့် အသိပေးအကြောင်းကြားစာထုတ်ပြန်ခဲ့ပါသည်။

ယခင်က စင်ကာပူနိုင်ငံသို့ မက္ကဆီကိုနိုင်ငံနှင့် တောင်အမေရိက အပူပိုင်းနိုင်ငံများပါဝင်သော နိုင်ငံစုစုပေါင်း (၃၃) နိုင်ငံမှ တင်သွင်းလာသည့် လတ်ဆတ်သော သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် Phytosanitary Certificate တင်ပြရန် လိုအပ်ချက်ရှိခဲ့ပြီး၊ အဆိုပါနိုင်ငံ (၃၃) နိုင်ငံမှလွှဲ၍ အခြားနိုင်ငံများမှ တင်သွင်းမှသာလျှင် Phytosanitary Certificate တင်ပြရန်မလိုအပ်သော သတ်မှတ်ချက်ရှိခဲ့ပါသည်။ စင်ကာပူနိုင်ငံရှိ Phytosanitary Certificate ဆိုင်ရာတာဝန်ခံဌာနဖြစ်သော အမျိုးသား ဥယျာဉ်များဘုတ်အဖွဲ့ (National Parks Board – Nparks) သည် အဆိုပါ (၃၃) နိုင်ငံမှ တင်သွင်းမည့် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် Phytosanitary Certificate လိုအပ်ချက်စည်းမျဉ်းကို --၂၀၂၂ ရက်နေ့မှစ၍ ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။ ဤသို့မူဝါဒပြောင်းလဲလိုက်ခြင်းကြောင့် ယခုအခါ မည်သည့် နိုင်ငံမှမဆို စင်ကာပူနိုင်ငံသို့ တင်သွင်းလာသော လတ်ဆတ်သောသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် Phytosanitary Certificate တင်ပြရန် လိုအပ်မှုမရှိ တော့ကြောင်း သိရှိရပါသည်။

ဤမူဝါဒအပြောင်းအလဲသည် စင်ကာပူနိုင်ငံရှိ လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်သွင်းသူများအတွက် အဆိုပါ (၃၃) နိုင်ငံမှ ယခင်ကထက် ကုန်ကျ စရိတ် ပိုမိုသက်သာစွာဖြင့် အရေအတွက် ပိုမိုတင်သွင်းလာနိုင်စေရန် တွန်းအားပေးမှုတစ်ရပ်ဖြစ်ပြီး၊ လက်ရှိ စင်ကာပူနိုင်ငံတွင် ကုန်စျေးနှုန်းမြင့်တက်လာနေသည့် အပေါ် အနည်းငယ်သက်သာရာ ရစေမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် မက္ကဆီကိုနိုင်ငံမှ ထောပတ်သီးကို အဓိကတင်သွင်းနေခြင်းဖြစ်ရာ ယခင်ကထက် ကုန်ကျ စရိတ်သက်သာသော စျေးနှုန်းဖြင့် တင်သွင်းသွားနိုင်မည့်အခြေအနေဖြစ်ပါသည်။

၂၀၂၁ ခုနှစ်တွင် စင်ကာပူသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို စင်ကာပူဒေါ်လာ .၄၃၈ ဘီလီယံအထိ တင်သွင်းခဲ့ကြောင်းနှင့် ၎င်းတို့အား မလေးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိကနိုင်ငံတို့မှ အများဆုံးတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်          Singapore Food Agency, Ministry of Finance, Singapore

Category: Singapore