Belgium

ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်များထိန်းသိမ်းထားနိုင်ရေး ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် ယူရိုဘီလျံ (၁၀၀) အီးယူထုတ်ချေးမည်

Last Updated:

ကပ်ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ လုပ်သားများအား ဝင်ငွေထောက်ပံ့ပေးနိုင်စေရေး ဘဏ္ဍာရေးအကူအညီအဖြစ် ယူရို ဘီလီယံ (၁၀၀) ကို ဥရောပကော်မရှင်က အသုံးပြုသွားမည်ဟုသိရသည်။ အဆိုပါ ရန်ပုံငွေအထောက်အပံ့သည် အီးယူအဖွဲ့ဝင်နိုင်ငံများအနက် နိုင်ငံပေါင်း (၁၇) နိုင်ငံသို့ ချေးငွေပေးအပ်သွားမည်ဖြစ်ပြီး၊ ချေးငွေရရှိသည့်နိုင်ငံများသည် ကာလတိုအလုပ်အကိုင်အစီအစဉ် (short-time work schemes) ဟု ခေါ်တွင်သည့်ပုံစံ ဖြင့် အဆိုပါချေးငွေများကို ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ လုပ်သားများအတွက် အလုပ်ချိန်လျှော့ချရပြီး၊ လုပ်ခလစာဆက်လက်ပေးအပ်လိုသည့် စီးပွားရေး လုပ်ငန်းများအား အလုပ်အကိုင် ဆက်လက်ပေးထားနိုင်ရန် ယင်းအစီအစဉ်က ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ချေးငွေ လက်ခံရရှိသည့်နိုင်ငံများမှာ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်၊ ချက်သမ္မတနိုင်ငံ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ မော်လ်တာ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယားနှင့် စပိန်နိုင်ငံတို့ဖြစ်ကြသည်။

ထို့သို့ ချေးငွေထုတ်ချေးမှုအစီအမံသည် ဥရောပကော်မရှင်၏ အရေးပေါ်အလုပ်လက်မဲ့ဖြစ်မှုအန္တရာယ် လျော့ပါးသက်သာရေး ယာယီအထောက်အပံ့အစီအစဉ် တစ်ရပ်ဖြစ်သည့် SURE framework တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ SURE အစီအမံသည် ကပ်ရောဂါကာလတွင်းနှင့် ကပ်ရောဂါအလွန်ကာလတို့တွင် အလုပ် အကိုင်များထိန်းသိမ်းထားနိုင်ရေး အီးယူအဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးအပ်ရန် ထူထောင်ထားခြင်းဖြစ်သည်။ SURE အစီအမံအနေဖြင့် ထုတ်ချေးမည့် ယူရိုဘီလီယံ (၁၀၀) အား လူမှုဘဝဆိုင်ရာအထောက်အပံ့ပုံစံဖြင့် ထုတ်ချေးခြင်းဖြစ်ပြီး၊ ချေးငွေရယူသည့်လုပ်ငန်းများသည် ၎င်းငွေများကို အလုပ်အကိုင်ထိန်း ထားနိုင်ရေးအတွက်သာလျှင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် အဆိုပါ ဘဏ္ဍာရေးအထောက်အပံ့မှ ယူရို (.) ဘီလီယံ ရရှိမည်ဖြစ်ပြီး၊ ချေးငွေရရှိမှုပမာဏသည် နိုင်ငံအလိုက်ကွဲပြားမှုရှိကြောင်း၊ အီတလီနိုင်ငံသည် ယူရို (၂၇.) ဘီလီယံနှင့် ဟန်ဂေရီနိုင်ငံသည် ယူရို (၅၀၄) သန်း ရရှိကြမည်ဖြစ် ကြောင်း သိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium