China (HongKong)

ကိုဗစ်-၁၉ ရောဂါလှိုင်းရိုက်ခတ်မှုကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးအား အကြီး အကျယ် ထိခိုက်လျက်ရှိခြင်း

Last Updated:

ဟောင်ကောင်‌ဒေသတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဆောင်ရွက်ခဲ့မှုမှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်သောကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ပြင်းထန်စွာရိုက်ခတ်လျက်ရှိခြင်းနှင့် တရုတ်ပြည်မကြီး၌ အိုမီခရွန်ဗိုင်းရပ်စ် ပြင်းထန်စွာရိုက်ခတ်မှုကြောင့် ကုန်သွယ်ရေးအပေါ် ပြင်းထန်စွာထိခိုက်လျက်ရှိသဖြင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ပထမဆုံး အကြိမ် လျော့ကျခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါ သတင်းဆောင်းပါး၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ဟောင်ကောင်ဒေသ၏ ဂျီဒီပီသည် (၄) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ တတိယသုံးလပတ်ကာလမှစ၍ ဟောင်ကောင်၏ စီးပွားရေး အကြီးမားဆုံးလျော့ကျခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားခဲ့ ကာ Bloomberg ၏ စစ်တမ်းကောက်ယူချက်များအရ (၁.၃) ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ အချက်အလက်များအား ကိုးကား၍ ဒေသအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားခဲ့ရာတွင် ဟောင်ကောင်ဒေသ၏ စီးပွား ရေးမှာ ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်အတွင်း အကြီးမားဆုံးဖိအားများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ပဉ္စမလှိုင်းဖြစ်ပွားမှုနှင့် ကမ္ဘာ့ကပ်ရောဂါကြောင့် နယ်မြေဖြတ်ကျော် သယ်ယူပို့ဆောင်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ အစရှိသည်တို့ကြောင့် စီးပွားရေးကျဆင်းစေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ အာရှဒေသ၏ ငွေကြေးအချက်အချာကျသည့် ဒေသဖြစ်သော ဟောင်ကောင်အနေဖြင့် ပြန်လည်ဖွင့်လှစ်ရန် တဖြေးဖြေးချင်း စတင်ဆောင်ရွက်လာပြီဖြစ်‌ရာ ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်တွင် စီးပွားရေးကျဆင်းမှုမှာ တစ်နှစ်ပတ်လုံးတွင် အနိမ့်ဆုံးအမှတ်ဖြစ်နိုင်ကြောင်း၊ သို့သော် တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ထိန်းချုပ်မှုများကြောင့် ကုန်ပစ္စည်းများအား တရုတ်ပြည်မကြီးမှ သယ်ယူပို့ဆောင်ရွက်ရန် အခက်အခဲများ အစရှိသည်တို့အပေါ် လည်း များစွာမူတည်နေမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသမှ တရုတ်ပြည်မကြီးသို့ တင်ပို့မှုမှာ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ၁၂.၈ ရာခိုင်နှုန်း လျော့ ကျခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒုတိယသုံးလပတ်အထိ ဟောင်ကောင်ဒေသ၏ စီးပွားရေးကျဆင်းရန် ခန့်မှန်းထားသော DBS Group မှ စီးပွားရေး ပညာရှင်က ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံမှ ကုန်သွယ်ရေးဆိုင်ရာ ဖြတ်တောက်မှုများနှင့် ပြည်ပနိုင်ငံများမှ ဝယ်လိုအားလျော့ကျခဲ့မှုကြောင့် ဟောင်ကောင်၏ စီးပွားရေးကျဆင်းမှုမှာ အနည်းဆုံး နောက်တစ်လအထိ ကြာရှည်နေမည်ဖြစ်ကြောင်း၊ Dah Sing Bank မှ အကြီးတန်း စီးပွားရေး ပညာရှင်က ပြောကြားရာတွင် ဟောင်ကောင်ဒေသ၏ စီးပွားရေး အဆိုးရွားဆုံးကျဆင်းမှု ပြီးဆုံးသွားနိုင်သော်လည်း ဟောင်ကောင်ဒေသ၏ စီးပွား ရေး လျင်မြန်စွာ ပြန်လည်မြင့်တက်နိုင်သည်ဟု ပြောကြားရန် အချိန်စောလွန်းသေးကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာ၊ ကမ္ဘာ့ကပ် ရောဂါနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဆုံးရှုံးစွန့်စားမှုများရှိနိုင်သည့် အခြေအနေများကြောင့် မသေချာမရေရာမှု အများအပြားရှိဆဲဖြစ်ကြောင်း စသည် ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီ;ပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (4-5-2022)

 

Category: China (HongKong)