Japan

ကိုရိုနာကပ်ရောဂါကို တိုက်ဖျက်ရေးတွင် G20 နိုင်ငံများ ညီညွတ်ကြရန် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးက တိုက်တွန်းခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားမှုအား ရင်ဆိုင်ကျော်လွှားရန် တစ်ကမ္ဘာလုံး၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဦးဆောင်ကြရန် ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး Mr. Kato Katsunobu က G 20 စီးပွားရေးအင်အားကြီးနိုင်ငံ များကို အဆိုပြုတောင်းဆိုလိုက်ပါသည်။

ဧပြီလ ၁၉ ရက်နေ့တွင် အင်တာနက်မှတစ်ဆင့် ပြုလုပ်ခဲ့သည့် G 20 နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် ယခုကဲ့သို့ အဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးကို လက်ရှိ G 20 အဖွဲ့၏ သဘာပတိဖြစ်သည့် ဆော်ဒီအာရေးဘီးယား နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲ ဖြစ်သူ Mr. Tedros Adhanom Ghebreyesus လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

ဗိုင်းရပ်စ်အလျင်အမြန်ကူးစက်ပြန့်ပွားနေခြင်းကြောင့် ကမ္ဘာပေါ်တွင် အပြောင်းအလဲများ ပြင်းထန်နေပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနည်းစနစ်များ ပိုမိုကောင်းမွန်လာမှု၊ ကုသမှုနှင့် ကာကွယ်ဆေးများ ဖော်ထုတ်နိုင်ရန် ပိုမိုလက်တွဲလုပ်ကိုင် ဆောင်ရွက်သွားကြရန် G 20 နိုင်ငံများကို Mr. Kato Katsunobu က တောင်းဆိုလိုက်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းသည့် အာဖရိကနှင့် အခြားဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများတွင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်သည့်စနစ်များ အားနည်းနေခြင်းကြောင့် အထောက်အပံ့ပစ္စည်းများ မလုံမလောက်ဖြစ်နေခြင်း နှင့် ရင်ဆိုင်နေရကြောင်း၊  မရှိမဖြစ်လိုအပ်သည့် ဆေးဝါးပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်ကြရန်၊ မျှမျှတတ ဖြန့်ဝေပေးကြရန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အန္တရာယ်ရှိစေနိုင်သည့် ကုန်သွယ်ရေးဆိုင်ရာ အဟန့်အတားများကိုလည်း ဖယ်ရှားပေးကြရန် Mr. Tedros က G 20 နိုင်ငံများအား တိုက်တွန်းခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan