China (HongKong)

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှု ကာလအတွင်း မလေးရှားဒူးရင်းများ အွန်လိုင်းမှ ရောင်းချမှုများ မြင့်တက်လာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှု ကာလအတွင်း မလေးရှားဒူးရင်းများ လမ်းဘေးတွင် ရောင်းချသည့်ဆိုင်များ ပိတ်သိမ်းမှုကြောင့် အွန်လိုင်းမှ မှာယူမှုများ၊ရောင်းချမှုများ မြင့်တက်လာကြောင်း၊ မော်တော်ဆိုင်ကယ်များ၊ ကားများကို သွားလာခွင့်ပြုထားသောကြောင့် အွန်လိုင်းရောင်းချမှုများ အဆင်ပြေကြောင်း၊ မလေးရှားတွင် မေလမှစတင်၍ အသွားအလာကန့်သတ်မှုများ ဖြေလျော့မှုကြောင့် ဒူးရင်းအရောင်းဆိုင် များလည်း ဆိုင်များဖွင့်လှစ်ရောင်းချခြင်းကြောင့် အွန်လိုင်းဖြင့် သစ်သီးများ ရောင်းချမှု မလေးရှား၌ လျော့နည်းလာကြောင်း၊ မလေးရှားတွင် ရောဂါကူးစက်မှု ၉၀၀၀ ဦးရှိပြီး သေဆုံးသူ ၁၂၄ ဦးသာရှိသောကြောင့် ကူးစက်နှုန်း နည်းပါးကြောင်း၊ ဒူရင်းတန်ဖိုးကွင်းဆက် ထုတ်လုပ်မှု နှင့်ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်လျှင် အွန်လိုင်းရောင်းချမှုမှာ အခက်အခဲမရှိနိုင်ကြောင်း နားလည်လာကြမည်ဖြစ်ကြောင်းနှင့် စားသုံးသူများ အတွက် သာမက လယ်သမားများအတွက်လည်း ကောင်းမွန့်သည့် အခြေအနေဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Agence France-Presse က “ Coronavirus: Malaysia’s durian sellers saw boom in online orders during lockdown” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင် )

Category: China (HongKong)