China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် ဟောင်ကောင်ဒေသစီးပွားရေး ဒုတိယလေးလပတ် အတွင်း (၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် ဟောင်ကောင်ဒေသစီးပွားရေး ဒုတိယလေးလပတ်အတွင်း (၉) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ မျှော်လင့်ထားသည်ထက် ပိုမိုဆိုးရွားခဲ့ကြောင်း၊ စတုတ္ထလေးလပတ်အတွင်း ဟောင်ကောင် ဒေသ၏ စီးပွားရေးမှာ ပိုမိုကျဆင်းနိုင်ကြောင်း၊ ၁၉၇၄ ခုနှစ်မှ စတင်၍ ပထမဆုံးစီးပွားရေးအဆိုးရွားဆုံး ကျဆင်းမှုဖြစ်ကြောင်း၊ အာရှငွေကြေးအကြပ်အတည်း ကာလ ၁၉၉၈ ခုနှစ်၊ တတိယလေးလပတ်က (၈.၃) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ COVID-19 သည် ကမ္ဘာ့စီးပွားရေးကို ခြောက်လှန့်နေမည်ဖြစ်ကြောင်း၊ဇူလိုင်လအတွင်း COVID-19 ကူးစက်မှု ရုတ်တရက်မြင့်တက်လာမှုကြောင့် ဒေသတွင်းစီးပွားရေးကို ထိခိုက်ခဲ့ကြောင်း၊ ဒေသတွင်း ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီး ပြင်ပနိုင်ငံများလည်းကူးစက်မှုနည်းလျှင်ကျန်ရှိသည့် ကာလအတွင်း ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထားကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အသွားအလာ ကန့်သတ်မှုများကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်မှုမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် (၁၀၀) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ဂျီဒီပီတိုင်းတာမှုတွင် ပါဝင်သည့် ပြည်သူများကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲမှုမှာ ပထမလေးလပတ်က (၁၀.၆) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒုတိယလေးလပတ်တွင် (၁၄.၅) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပြည်သူများစားသုံးမှုမြင့်တက်ရန် ဒေသအစိုးရမှ ဟောင်ကောင်ဒေါ်လာ(၂၉၀) ဘီလီယံ ထောက်ပံ့ ခဲ့သော်လည်း သက်ရောက်မှုမရှိခဲ့ကြောင်း၊ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် COVID-19 တတိယလှိုင်း (Third wave) ဈေးဝယ်သူများလျော့ကျပြီး ရင်းနှီးမြှုပ်နှံသူများ အတွက် ယုံကြည်မှုများ လျော့ကျစေကြောင်း၊ တစ်နှစ်လုံး အတွက် ဒေသစီးပွားရေး ဂျီဒီပီမှာ (၈) ရာခိုင်နှုန်းလျော့ကျ နိုင်ကြောင်း၊တတိယလေးလပတ်တွင်ဂျီဒီပီ (၁၀)ရာခိုင်နှုန်းလျော့ကျနိုင်ကြောင်း၊ စားသောက်ဆိုင် များပေါ် ထိခိုက်မှုကြီးမားကြောင်း၊ အစိုးရ၏ ပံ့ပိုးမှုဆက်မရလျှင် စီးပွားရေးလုပ်ငန်းများ အခြေအနေ ပိုမိုဆိုးရွားလာနိုင်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ကြောင်း၊ အလုပ်လက်မဲ့နှုန်းမှာ ဧပြီလမှ ဇူလိုင်လအတွင်း (၆.၂) ရာခိုင်နှုန်းရှိခဲ့ရာ ဇူလိုင်လမှ ဩဂုတ်လအတွင်း (၈) ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း၊ ဇွန်လအတွင်းက ကူးစက်နှုန်းလျော့ကျခဲ့သော်လည်း ဇူလိုင်လတွင် တစ်နေ့လျှင် ကူးစက်သူ (၁၀၀) ဦး ကျော်ရှိခဲ့ရာ ဇူလိုင်လနောက်ဆုံး ရက်သတ္တပတ်တွင် ကူးစက်သူ (၃၀၀၀) ဦးကျော်ရှိခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denise Tsang က “ Hong Kong’s Coronavirus- ravaged economy  shrinks 9 percent in second quarter” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင် )

Category: China (HongKong)