China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသ၏ လက်လီအရောင်းဆိုင်များအပေါ် သက်ရောက်မှုများရှိနေခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသရှိ လက်လီအရောင်းဆိုင်များ၏ ရောင်းအားကျဆင်းလာပြီး ဟောင်ကောင်အခြေစိုက် အမေရိကန်ကုမ္ပဏီ  Dickson Concepts သည် Polo Ralph Lauren ထွက်ကုန်များကို အာရှဒေသ၌ ဖြန့်ချီရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်၍ ၎င်း၏ဝန်ထမ်းများ၏ လစာ များအား (၁၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ လျှော့ချမည်ဖြစ်ပြီး အမှုဆောင်ဒါရိုက်တာတို့၏ လစာအား (၇၀) ရာခိုင်နှုန်းအထိ လျှော့ချမည်ဖြစ်ကြောင်း၊ ၎င်း၏ အရောင်းဆိုင်များရှိသည့် ဟောင်ကောင်ဒေသ၊ Causeway Bay ၊ Hysan Development အဆောက်အအုံရှိ ဆိုင်ခန်းများ ၏ ငှားရမ်းခအား ၂၀၁၉ ခုနှစ် နှစ်လယ်က စတင်ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုနည်းပြီး ရောင်းအား ကျဆင်းလျှက်ရှိသောကြောင့် ဆိုင်ခန်းငှားရမ်းခများ လျှော့ချပေးထားရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှ မတ်လအထိ ဆက်လက် လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ရထားပို့ဆောင်ရေးလုပ်ငန်း MTR ကလည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှ မတ်လအထိ ရထားဘူတာရုံများနှင့် ဆိုင်ခန်းများ၏ ငှားရမ်းခကို (၅၀) ရာခိုင်နှုန်းအထိ လျော့ချသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ Cracks in Hong Kong’s retail industry widen as Dickson Concepts groans, MTR and Hysan extend rent concessions amid slump in tourist arrivals” ခေါင်းစဉ်ဖြင့် Lam Ka-sing နှင့် Louise Moon တို့က ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)