China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှုကြောင့်ဟောင်ကောင်ဒေသနှင့် တရုတ်ပြည်မကြီး၏ စီးပွားရေးအပေါ်သက်ရောက်လျှက်ရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသ၌ ဖွင့်လှစ်ထားသည့် ဂျပန်စားသောက်ဆိုင်လုပ်ငန်းများဖြစ်သည့် Daikiya Group Holdings သည် ဈေးကွက်အခြေအနေအရ ဟောင်ကောင်ဒေသ၌ လုပ်ကိုင်လျှက်ရှိသည့် စတော့ရှယ်ယာများအား  လျှော့ချရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ရှယ်ယာအသစ်များ ရင်းနှီး မြှုပ်နှံခဲ့သူများအားလည်း ရှယ်ယာများအား အပြည့်အဝ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း၊ Daikiya သည် ဟောင်ကောင်ဒေသ၌ ဂျပန်စားသောက်ဆိုင် “all-you-can-eat outlets” (၁၃) ဆိုင်နှင့် “a-la-carte eateries” (၂) ဆိုင်ဖြင့် စုစုပေါင်း (၁၅) ဆိုင် ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိကြောင်း၊ မကာအိုဒေသမှ အင်ဂျီနီယာကုမ္ပဏီ သည်လည်း ရှယ်ယာများရောင်းချရန် ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ စောင့်ကြည့် လျှက်ရှိကြောင်း၊ LH Group ကလည်း “On-Yasai” နှင့် “Mou Mou Club” အစရှိသည့် ဟော့ပေါ့စားသောက်ဆိုင်လုပ်ငန်းများ၏ ရှယ်ယာများအား လျှော့ချမည်ဖြစ်ကြောင်း၊ Great Wall Motor ကားကုမ္ပဏီ၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ ကျဆင်းသွားကြောင်း၊ သို့ဖြစ်ရာ ဟောင်ကောင်စီးပွားရေးလုပ်ငန်း စာရင်းကိုင်အသင်းအဖွဲ့မှလည်း ကိုရိနာဗိုင်းရပ်စ် ဖြစ်ပွားလျှက်ရှိသော ဒေသများရှိ လုပ်ငန်းများသို့ စာရင်းစစ်ရန် ၎င်းတို့၏ စာရင်းကိုင် ဝန်ထမ်းများအား စေလွှတ်လိုခြင်း မရှိကြောင်း၊ ကုမ္ပဏီပေါင်း (၁၀၀၀) ခန့်မှာ နောက်ဆုံးသတ်မှတ်ရက်အမှီစာရင်းတင်ပြနိုင်မည် မဟုတ်ကြောင်း၊ သို့ဖြစ်၍ စာရင်းတွင်ပါရှိသည့် ကုမ္ပဏီပေါင်း (၂၄၀၀) ၏ ရှယ်ယာ နှစ်စဉ်ရလဒ် အစီရင်ခံစာ အားတင်ပြမည့် နောက်ဆုံးရက်အား ၃၀-၄-၂၀၂၀ ရက်နေ့အထိ နောက်ဆုံးသတ်မှတ်ရန် ရွှေ့ဆိုင်းသင့်သည်ဟု ပြောကြားထားကြောင်း၊ ကိုရိနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသ၌ အိမ်ခြံမြေငှားရမ်းမှုများကျဆင်းရန် တွန်းအားပေးလျှက်ရှိကြောင်း၊ နှစ်စမှစ၍ အိမ်ခြံမြေငှားရမ်းမှု (၁၀) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်းရေးသား ဖော်ပြထားပါသည်။ 

ဟောင်ကောင်ဒေသရှိ အချို့သောတရုတ်ကုမ္ပဏီများ၊လုပ်ငန်းများမှာ လုပ်ငန်းပြန်လည် စတင်လုပ်ကိုင်နေပြီဖြစ်သော်လည်း အချို့မှာပိတ်ထားဆဲဖြစ်ကြောင်း၊ ဟောင်ကောင်စတော့ရှယ်ယာ မှာလည်း ကိုရိနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ၎င်းတို့၏ လုပ်ငန်းများအပေါ် ထိခိုက်မှုအား အသိပေးအကြောင်းကြားရန် တရုတ်ပြည်မကြီးမှ ကုမ္ပဏီများအားပြောကြားထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်ဟောင်ကောင်ဒေသရှိ အချို့သောတရုတ်ပြည်မကြီး ကုမ္ပဏီများမှာ လုပ်ငန်းများအား ရပ်ဆိုင်း ထားရကြောင်း၊ တရုတ်ပြည်မကြီး ကုမ္ပဏီများဖြစ်သည့် Haidilao ဟော့ပေါ (Hotpot) ကုမ္ပဏီ၊ SMI Holdings ရုပ်ရှင်ရုံလုပ်ငန်းနှင့် Fosun စတော့ရှယ်ယာလုပ်ငန်းများမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု၏ သက်ရောက်မှုများ ကြုံတွေ့နေရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအား ရပ်တန့်နိုင်ရန် SMIHoldings ရုပ်ရှင် ရုံလုပ်ငန်းသည် တရုတ်ပြည်မကြီးရှိ ရုပ်ရှင်ရုံ (၃၀၀) ရုံအား ရပ်ဆိုင်းထားပြီး ပြန်လည်ဖွင့်မည့်ရက်အား သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းလိုင်းများ အပေါ်လည်း သက်ရောက်မှုများရှိကြောင်း၊ ဟောင်ကောင်ဒေသ၏ လေကြောင်းလိုင်းများဖြစ်သည့် Cathay Pacific နှင့် ၎င်း၏ လက်အောက်ခံလေကြောင်းလိုင်းဖြစ်သည့် Hong Kong Dragon လေကြောင်းလိုင်းတို့သည်လည်း လေကြောင်း လိုင်းပြေးဆွဲမှုများအား (၉၀) ရာခိုင်နှုန်း လျော့ချခဲ့ရကြောင်း၊ ကွမ်တုံးပြည်နယ်၊ ကျူးဟိုင်မြို့ရှိ Gudou Hot Spring Resort သည်လည်း ၂၈-၁-၂၀၂၀ ရက်နေ့မှ စတင်၍ အကန့်အသတ်မရှိ ပိတ်ထားကြောင်း၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီများဖြစ်သည့် Feiyang International Holding Group နှင့် Tu Yi Holding Company တို့သည်လည်း တရုတ်ပြည်မကြီး ပြည်တွင်းပြည်ပခရီးသွား Package ရောင်းချမှုများအား ၂၄-၁-၂၀၂၀ ရက်နေ့မှ စတင်၍ရပ်တန့်ထားကြောင်း၊ ဟောင်ကောင်ဒေသအခြေစိုက် စားသောက်ဆိုင်လုပ်ငန်းဖြစ်သည့် Tsui Wah Holdings မှလည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု၏ သက်ရောက်မှုခံရသောကြောင့် ဒါရိုက်တာ (၉) ယောက်နှင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု အဆင့်မြင့် အရာရှိ (၂) ဦး၏ လစာများအား ဖေဖော်ဝါရီလမှ စတင်၍ (၃) လကြာ (၃၀) ရာခိုင်နှုန်းစီ လျော့ချသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအလှကုန်ကုမ္ပဏီဖြစ်ပြီး ဟောင်ကောင်ဒေသ၌ အကြီးမားဆုံး ကုမ္ပဏီဖြစ် သည့် SASA ကုမ္ပဏီသည်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ရောင်းအားကျဆင်းသဖြင့် အမှုဆောင် ဒါရိုက်တာ၏ လစာအား (၇၅) ရာခိုင်နှုန်းလျှော့ချမှုကို (၃) လကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံရန် ကန့်သတ်ထားမှုနှင့် တရုတ်ပြည်မကြီးမှ ဟောင်ကောင်ဒေသသို့ ဝင်ရောက်လာသူများအား ကူးစက်ရောဂါ ရှိ/မရှိ သိရှိနိုင်ရန် သီးသန့်ခွဲထား၍ စောင့်ကြည့်မှုအား (၁၄) ရက်ကြာ ပြုလုပ်မည်ဖြစ်သောကြောင့် စာရင်းစစ်များနှင့် ဘဏ်လုပ်ငန်းများမှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများအတွက် အခက်အခဲများ ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တရုတ်ပြည်မကြီး၌ ကုန်ဈေးနှုန်းများ မြင့်တက်လာရာ ကုန်ဈေးနှုန်း (Consumer Price Index-CPI) မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက (၄.၅) ရာခိုင်နှုန်း ရှိရာမှ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် (၅.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ စက်ရုံများမှ ၎င်းတို့၏ ထုတ်ကုန်များ လက်ကား ရောင်းချရမှုအပေါ် ကောက်ခံသည့်ဈေးနှုန်း (Producer Price Index-PPI) မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက (၀.၅) ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် (၀.၁) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ CPI နှင့် PPI အတက်အကျမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် မူတည်လျှက်ရှိကြောင်း၊ တရုတ်နှစ်သစ်ကူးအပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တရုတ်ပြည်မကြီး၌ ဝက်သားဈေးနှုန်းမှာလည်း တစ်ဟုန်ထိုးမြင့်တက် ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စားသုံးသူများ အပြင်ထွက် ဈေးဝယ်သွားလာခြင်းများ လျှော့ချနိုင်ရန်နှင့် မြို့ကြီးအချို့အား ကူးသန်းသွားလာဝင်ထွက်မှုများ ပိတ်ထားသောကြောင့် တရုတ်ပြည်မကြီးရှိ အသေးစားလုပ်ငန်းများနှင့် စားသောက် ဆိုင်လုပ်ငန်းများမှ လုပ်ငန်းယာယီရပ်ဆိုင်းထားသည့်အတွက် ၎င်းအလုပ်သမားများကို အချိန်ပိုင်းဝန်ထမ်းအဖြစ် ငှားရမ်း၍ E-commerce ဖြင့် ကုန်စည်များအား အွန်လိုင်းဝယ်ယူမှု၌ ကုန်ပစ္စည်းများ ပို့ဆောင်ဖြန့်ဖြူးသည့် ဝန်ဆောင်မှုလုပ်ငန်းအား မြှင့်တင်နိုင်ရန် ဝန်ထမ်းများခေါ်ယူလျှက်ရှိကြောင်း၊ စိုက်ခင်းများမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိသည့် အသီးအရွက်များအား စားသောက်ဆိုင်များနှင့် စတိုးဆိုင်များသို့ ဖြန့်ဖြူးရောင်းချလုပ်ကိုင် လျှက်ရှိသည့် E-commerce လုပ်ငန်းလုပ်ကိုင်သော Meicai လုပ်ငန်းသည်လည်း  ကုန်တင်ကားမောင်းမည့် ဒရိုင်ဘာ (၆၀၀၀) ဦးနှင့် အလုပ်သမား (၄၀၀၀) ဦးခန့်အား ငှားရမ်းလျှက်ရှိကြောင်း၊ တရုတ်ပြည်မကြီးရှိ မြို့ကြီး (၂၂) မြို့၌ လုပ်ငန်းခွဲများရှိသည့် ကုန်စုံလက်လီအရောင်းဆိုင် Freshippo သည်လည်း စားသောက် ဆိုင်များမှ မကြာသေးခင်က လုပ်ငန်းရပ်နားထားသည့် ဝန်ထမ်း (၂၀၀၀) ဦးခန့်အား ငှားရမ်းရန် လိုအပ်လျှက်ရှိရာ တရုတ်ပြည်မကြီး အနောက်မြောက်ပိုင်းရှိ ရှီပေမြို့(Xibei) မှ အလုပ်သမား (၁၀၀၀) ဦးခန့်အား ယာယီငှားရမ်းမည်ဟု ကြေညာခဲ့ကြောင်း၊ ရှီပေမြို၌ စတိုးဆိုင်ပေါင်း (၂၀၀) ခန့်ရှိပြီး ဝန်ထမ်းဦးရေ (၂၀,၀၀၀) ကျော်ရှိရာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ဆက်လက်ဖြစ်ပေါ်နေ လျှင် (၃) လအတွင်း အသက်ရှင် ရပ်တည်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ JD Logistics မှလည်း ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရန်အတွက် ဝန်ထမ်း (၂၀,၀၀၀) ဦးခန့် ခေါ်ယူမည်ဖြစ်ကြောင်း၊ စားသုံးသူများအပြင်ထွက် ဈေးဝယ်သွားလာခြင်းများ လျှော့ချနိုင်ရန်နှင့် မြို့ကြီးအချို့အား ကူးသန်းသွားလာဝင်ထွက်မှုများပိတ်ထားသောကြောင့် ကုန်ပစ္စည်းဖြန့်ဖြူးပို့ဆောင်မှုများ မြင့်တက်လာမှုကြောင့်တရုတ်ပြည်မကြီး၌ E-commerce ဖြင့်လုပ်ကိုင်လျှက်ရှိသောကုမ္ပဏီများ အနေဖြင့် ယာယီအလုပ်သမားများ လိုအပ်မှုမြင့်တက်လာကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တရုတ် ပြည်မကြီး၌ ဆေးဝါးများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ ရောင်းချရမှုမြင့်တက်လာသဖြင့် စတော့ရှယ်ယာများမှာ ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ ၁၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သတင်းများအား ရေးသားဖော်ပြထား ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: China (HongKong)