Japan

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် ဂျပန်၏စီးပွားရေးကို ထိခိုက်နိုင်ဖွယ်မရှိဟု IMF သုံးသပ်

Last Updated:

ကမ္ဘာ့တတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ကူးစက်ရောဂါ၏ သက်ရောက်မှုဒဏ် ကို  သိသိသာသာခံစားရနိုင်မည်မဟုတ်သော်လည်း ပြည်တွင်းသက်ကြီးရွယ်အိုလူဦးရေများ တိုးပွားလာမှုနှင့် လူဦးရေတိုးတက်မှု နှုန်း ကျဆင်းလာခြင်းတို့ကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသေချာမှုရှိသည့် ကူးစက်ရောဂါအလွန်ကာလဆိုင်ရာ မူဝါဒများကို ဖော်ဆောင်ရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သုံးသပ်ပြောကြားခဲ့ပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မူဝါဒများနှင့်ပတ်သက်၍ ဂျပန်အစိုးရနှင့် ဆွေးနွေးမှုများဆောင်ရွက်ပြီးနောက် ဂျပန်နိုင်ငံ၏ GDP ရာခိုင်နှုန်းတစ်ခုအဖြစ် ပါဝင်နေသည့် အခွန်ငွေရရှိမှုသည် စက်မှုထိပ်သီး နိုင်ငံအုပ်စုပါ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လျော့နည်းနေသည်ကို တွေ့ရပြီး စားသုံးခွန်တိုးမြှင့်ခြင်းစသည့် စားသုံးမှုမှတစ်ဆင့် အခွန်ကောက်ခံခြင်းစသည့် အခွန်ငွေရရှိမှု နည်းလမ်းကို အဓိကဆောင်ရွက်ခြင်းဖြစ်သည်ဟု IMF အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

IMF ပဏာမစိစစ်သုံးသပ်ချက်များအရ  ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် အစိုးရ၏ အားကောင်းသည့် ဘဏ္ဍာရေး ပံ့ပိုးမှုများ၊ ကာကွယ်ဆေးထိုးနှံမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းနှင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်အကျပ်အတည်းများကို လျော့ပါးစေရန် ပံ့ပိုးဆောင်ရွက်ပေးခဲ့ခြင်းများကြောင့် ၂၀၂၂ ခုနှစ်တွင် . % မြင့်တက်မှုမှသည် . % ထိ ဆက်လက်မြင့်တက် လာနိုင်ကြောင်း သိရပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးသည် . % ကျဆင်းခဲ့ပါသည်။

လက်ရှိ၌ ဂျပန်နိုင်ငံတွင် ကူးစက်နှုန်းမြန်ဆန်သည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်၏ ကူးစက်မှုများ မြင့်တက်လာနေခြင်းသည် ၂၀၂၂ ခုနှစ်၏ ပထမသုံးလပတ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို နှေးကွေးစေနိုင်သော်လည်း ကူးစက်မှုလှိုင်း ပြန်လည်ကျ ဆင်းသွားပြီးနောက် ဒုတိယသုံးလပတ်ကာလတွင် စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်မြင့်တက်လာသည့် အနေအထားဖြစ်လာ နိုင်ကြောင်း IMF ကသုံးသပ်ပါသည်။

သို့သော် လက်ရှိအိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု၏ မြင့်တက်နေစဉ် ကျန်းမာရေးကဏ္ဍကို ယိမ်းယိုင်မှုမရှိစေရန် တင်းကျပ်သည့် ကန့်သတ်ထိန်းချုပ်မှုအစီအမံများ ဆောင်ရွက်ရန် နှောင့်နှေးမှုများရှိပါက ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် စီးပွားရေး အပေါ် မသေချာမရေရာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် စီးပွားရေးထိခိုက်မှုလျော့ပါးစေရန် ဘဏ္ဍာရေးမူဝါဒများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ဂျပန် အစိုးရမှ ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများအား ငွေကြေးပံ့ပိုးပေးခဲ့သည့် အစီအစဉ်များသည် ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်သည်ဟု IMF က ပြောကြားခဲ့ပါသည်။

ကာလလတ်မှ ရေရှည်အတွက် ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အိုလူဦးရေတိုးပွားလာမှုနှင့် လူဦးရေကျဆင်းလာမှုသည် နိုင်ငံ၏စီးပွား ရေးအပေါ် သက်ရောက်နိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် IMF Mission ကိုဦးဆောင်ခဲ့သော IMF အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Ranil Salgado က သုံးသပ်ပါသည်။ အနာဂတ်တွင် ဖြစ်နိုင်ချေရှိသည့် လုပ်သားအင်အားကျဆင်းခြင်းနှင့် ကုန်ထုတ်စွမ်းအားနိမ့်ကျလာမှုတို့သည် ရေရှည်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးအတွက် အဓိက စိန်ခေါ်မှုအခက်အခဲများအနက် နှစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်း အထူးသီးသန့်ဘဏ္ဍာရေးပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ခြင်းနှင့် ကုန်ထုတ်လုပ်မှုသိသိသာသာ ကျဆင်းခဲ့ခြင်းများသည် ဂျပန်နိုင်ငံ၏ ကြွေးမြီနှင့် GDP အချိုးနှုန်းတွင် ၂၀၁၉ ခုနှစ်အတွင်းမှရှိခဲ့သည့် ၂၃၆% မှ ၂၀၂၁ ခုနှစ် အတွင်း ၂၅၉ % သို့ မြင့်တက်ရောက်ရှိလာစေပါသည်။

ချေးငွေများထုတ်ပေးခြင်းနှင့် ငွေချေးစာချုပ်များ ထုတ်ပေးခြင်းတို့သည့် ရေတိုကာလအတွက် အထောက်အပံ့ဖြစ်နိုင်သော်လည်း ကြွေးမြီများ ရေရှည်တည်တံ့စေနိုင်သည့် အလားအလာကို မြင့်တက်လာနိုင်ကြောင်း IMF ကသုံးသပ်ပါသည်။

ဘဏ္ဍာအခွန်တိုးမြှင့်ရရှိရေးနှင့်ပတ်သက်၍  ပြည်တွင်း၌ လက်ရှိကောက်ခံနေသည့် စားသုံးသူအခွန် ၁၀% ကောက်ခံခြင်းအပြင် အိမ်ခြံမြေအခွန်ကောက်ခံမှုကို ပိုမိုအားကောင်းစေခြင်းနှင့် လူနေအိမ်မြေယာများအပေါ် အထူးအခွင့်အရေးပေးထားမှုများကို ပယ် ဖျက်ခြင်းများ ဆောင်ရွက်သင့်ကြောင်း IMF က အကြံပြုထားပါသည်။

တစ်ချိန်တည်းမှာပင် ငွေကြေးဖောင်းပွမှုဖိအားသည် ပြည်တွင်းဝယ်လိုအားနှင့်အညီ တဖြည်းဖြည်းမြင့်တက်လာနိုင်သည်ဟု မျှော် မှန်းထားသော်လည်း ကာလလတ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်ချက် % အောက်၌သာ တည်ငြိမ်ကောင်းမွန်နေမည်ဖြစ်ကြောင်း IMF က ခန့်မှန်းထားပါသည်။

အခြားသော စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံများသည် မြင့်မားသည့်ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးအကျပ်အတည်းများနှင့် ရင်ဆိုင်ရ သည့် အတွေ့အကြုံရှိခဲ့ပြီး (သို့မဟုတ်) လတ်တလောရင်ဆိုင်နေရပါသည်။ သို့သော် ငွေကြေးမူဝါဒပိုင်းကွဲပြားခြားနားချက်သည် ဂျပန်နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူမှုအပေါ် အကန့်အသတ်ဖြစ်လာစေနိုင်ကြောင်းနှင့် အတိုးနှုန်းကွဲပြားမှုများသည် ဂျပန် ယန်းငွေကို ပိုမိုအားနည်းစေကြောင်း IMF က သုံးသပ်ပါသည်။

ထို့အပြင် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း သိသိသာသာမြင့်တက်လာသည့် အခြေအနေများသည် ဂျပန်ယန်းငွေအား စိတ်ချရ သည့် ငွေကြေးတစ်ခုအဖြစ် တန်ဖိုးထားမှုကို မြင့်တက်လာစေနိုင်ကြောင်း IMF က ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။ https://www.japantimes.co.jp/news/

Category: Japan