China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဟောင်ကောင်၏ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း များ အွန်လိုင်းမှ လုပ်ကိုင်လာမှု တစ်ဟုန်ထိုးမြင့်တက်လာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသရှိ ဘဏ်လုပ်ငန်း များလျှော့ချထားရာ ဘဏ်ခွဲ (၁၃၀၀) ခန့်၏ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ ပိတ်ထားလျှက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ဟောင်ကောင်ဒေသ၏ လူဦးရေ တစ်ဝက်ခန့်သည် ဘဏ်လုပ်ငန်း၊ အာမခံ လုပ်ငန်းနှင့် ငွေချေးငှားခြင်းတို့အတွက် အွန်လိုင်းမှ ဆောင်ရွက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာကြောင်း၊  Bank of China (Hong Kong) တွင် ဘဏ်အကောင့် ဖွင့်ထားသူများ သည် မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေလွှဲပြောင်းမှု အပလီကေးရှင်းအား အသုံးပြုမှုသိသာစွာများပြားလာကြောင်း၊ ငွေသွင်းငွေထုတ်လွှဲပြောင်းခြင်းများကို ဘဏ်များ၌ တန်းစီ၍ ဆောင်ရွက်ခြင်းထက် ဒစ်ဂျစ်တယ်လ်စနစ်ဖြင့် အကောင့်အချင်းချင်း ငွေလွှဲပြောင်းပေးမှုများ၊ ကျသင့်ငွေပေးချေမှုများ၊ ဘဏ်သို့ ငွေသွင်းမှုများနှင့် နိုင်ငံခြားငွေလဲလှယ်မှုများကို ဆောင်ရွက်မှု မြင့်တက်လာကြောင်းနှင့်  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကုန်အထိ လူဦးရေ ၄.၂ သန်းခန့်အသုံးပြုလာကြောင်း South China Morning Post သတင်းစာ၌“ Coronavirus puts Hong Kong’s online Financial channels to test as banking, insurance transcations surge” ခေါင်းစဉ်ဖြင့် Enoch Yiu က ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)