Japan

ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုကြောင့် အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေး အခြေအနေ ကျဆင်းလျှက်ရှိ

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားနေခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေးသည် သိသိသာသာ ကျဆင်းလျှက်ရှိနေပါကြောင်း၊ အရှေ့တောင်အာရှရှိ စီးပွားရေးအင်အားကောင်းမွန်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရများက ဧပြီလမှ ဇွန်လအထိ သုံးလပတ်အတွက် ၎င်းတို့ နိုင်ငံများ၏  ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ဆိုင်ရာ စာရင်းဇယားများကို ထုတ်ပြန်ခဲ့ကြကြောင်း သိရပါသည်။

အဆိုပါ ထုတ်ပြန်ချက်များအရ စင်္ကာပူနိုင်ငံ၏ စီးပွားရေးသည် ယခင်နှစ်က အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၃.၂ % ကျဆင်းခဲ့ပြီး ၁၉၇၆ ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံး ကျဆင်းမှု ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏  စီးပွားရေး သည် ၁၂.၂ % ကျဆင်းခဲ့ပြီး အာရှငွေကြေး အကျပ်အတည်းကို ခံစားခဲ့ရသည့်အချိန်ဖြစ်သည့် ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပါကြောင်း၊ မလေးရှားနိုင်ငံ၏ စီးပွားရေးမှာ ၁၇.၁ % ကျဆင်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၁၆.၅ % စသည် ဖြင့် အသီးသီးကျဆင်းခဲ့ကြကြောင်း သိရပါသည်။

အင်ဒိုနီးရှားမှာမူ ၂၁ နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အနုတ် (-)  ၅.၃ % သို့ရောက်ရှိကျဆင်းခဲ့ကြောင်း၊ ထိုသို့ ကျဆင်းမှုများ၏ သက်ရောက်မှုအဖြစ် နိုင်ငံခြားငွေကြေး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယင်းဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ စွန့်ခွာသွားနိုင်ပြီး အခြေအနေများဆိုးရွားလာစေနိုင်သည်ဟု စီးပွားရေးနှင့် စျေးကွက်ဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်နေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Japan Times, The NHK World News

Category: Japan