Korea

ကိုရီးယားသမ္မတနိုင်ငံ၊ Global Business Alliance (GBA) ၏ ဥက္ကဌဖြစ်သူ Mr. OH Sinan Ö ZT ÜRK ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံအမတ်ကြီးမှ လက်ခံတွေ့ဆုံခဲ့ခြင်း

Last Updated:

၁၆-၇-၂၀၂၀ ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Global Business Alliance (GBA) ၏ ဥက္ကဌ ဖြစ်သူ Mr. OH Sinan ÖZTÜRK ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံး (ဆိုးလ်မြို့) ၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် Mr. OH Sinan ÖZTÜRK မှ သံအမတ်ကြီးအား Global Business Alliance (GBA) ကို စတင်တည်ထောင်ခဲ့သည့် ရည်ရွယ်ချက်နှင့် အနာဂတ်စီးပွားရေးရာ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ သံအမတ်ကြီးမှ မြန်မာ နိုင်ငံ၏ကုန်သွယ်မှုရေးရာနှင့် ပိုမိုတိုးမြှင့် တင်ပို့လိုသည့် ကုန်စည်များ၊ ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံမှ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအပါအဝင်၊ အနာဂတ်တွင်စီးပွားရေး ဆောင်ရွက်ရန် ခိုင်မာသည့်ရည်မှန်းချက် နှင့် Business Plan ရှိသော မြန်မာစွန့်ဦးတီထွင် ကျောင်းသား/ ကျောင်းသူ များနှင့်ပါ ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက် ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပို့ကုန်တိုးတက်ရေး၊ အထူးသဖြင့် လယ်ယာ ထွက်ကုန်ပစ္စည်း၊ ရေထွက် ကုန်ပစ္စည်းများနှင့် သဘာဝကုန်ကြမ်း ပစ္စည်းများကို ကိုရီးယားသမ္မတနိုင်ငံတွင် စျေးကွက်ဝေစု ပိုမိုရရှိရေး၊ စျေးကွက်ထိုးဖောက်နိုင်ရေး၊  ကုန်သွယ်မှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက် ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ အနာဂတ်တွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားကြရန် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Global Business Alliance (GBA)သည်  ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်တည်ထောင်ခဲ့သော ကိုရီးယားသမ္မတနိုင်ငံ Ministry of Trade, Industry and Energy (MOTIE) ၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည့် Non-Profit Organization (NGO) အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ သံအမတ်ကြီး၊ စီးပွားရေးသံမှူး/ သံတမန်များနှင့် တက်သစ်စ စီးပွားရေး လုပ်ငန်းရှင်/ ကျောင်းသား၊ ကျောင်းသူများအကြား  ပေါင်းကူး ချိတ်ဆက်ပေးသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လက်ရှိ (၇)လတာ သက်တမ်း အတွင်းတွင်ပင် ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်၏ အဖွဲ့ဝင် (၅၀၀) ကျော်တို့မှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း  လေ့လာသိရှိရသည့်အတွက် အလားအလာရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု NGO အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea