Korea

ကိုရီးယားသမ္မတနိုင်ငံ၊ WOSEM Co., Ltd. မှ COVID-19 ရောဂါ ကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်း စဉ်တွင် အသုံးပြုရန် အလုံပိတ်လူနာသယ်ယူသည့်စင် (၁)ခုနှင့် Movable Negative Pressure Equipment(၁)ခု တို့အား မြန်မာနိုင်ငံအတွက် ပေးအပ်လှူဒါန်းသည့်အခမ်းအနား

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၅) ရက်နေ့၊  (၁၀:၃၀)နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် WOSEM Co., Ltd. ၏ ဥက္ကဌဖြစ်သူ Mr. Lee Myung-Sik  ဦးဆောင်သောအဖွဲ့နှင့် JBJ Entertainment ၏ ဥက္ကဌဖြစ်သူ Ms. Jung Bun-ja  တို့မှ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ထံသို့ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ရာ မြန်မာသံရုံး၊ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထို့နောက် WOSEM Co., Ltd. မှ မြန်မာနိုင်ငံအတွက် စုစုပေါင်း (ကိုရီးယားဝမ်ငွေ ၈,၅၀၀,၀၀၀) (မြန်မာကျပ်ငွေ ၉,၇၀၀,၀၀၀)တန်ဖိုးရှိသော COVID-19 ရောဂါကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုနိုင်သည့်ပစ္စည်းများဖြစ်သည့် ကိုရီးယားဝမ်ငွေ(၅,၀၀၀,၀၀၀) (မြန်မာ ကျပ် ငွေ ၅,၇၀၀,၀၀၀) တန်ဖိုးရှိ အလုံပိတ်လူနာသယ်ယူသည့်စင် (Negative Pressure Carrier) (၁)ခု နှင့် ကိုရီးယားဝမ်ငွေ (၃၅) သိန်း (မြန်မာကျပ်ငွေ ၄၀ သိန်းခန့်) တန်ဖိုးရှိ ကူးစက်ရောဂါများအတွက် အထူးကြပ်မတ်ဆေးကုသခန်းများပြုလုပ်ရာတွင် အသုံးပြုနိုင်သော ပြောင်းရွှေ့တပ်ဆင်နိုင်သည့် Movable Negative Pressure Equipment(၁)ခုတို့အား ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဆက်လက် ကျင်းပ ပြုလုပ်ခဲ့ရာ သံအမတ်ကြီး မှ လက်ခံရယူလျက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် WOSEM Co., Ltd.၊ JBJ Entertainment တို့နှင့် အနာဂတ်တွင် မြန်မာနိုင်ငံ၌ ဖြစ်နိုင်ချေ အလားအလာရှိသော မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် အဆိုပါအလုံပိတ်လူနာသယ်ယူသည့်စင် (Negative Pressure Carrier) နှင့် ပြောင်းရွှေ့တပ်ဆင်နိုင်သည့် Movable Negative Pressure Equipment တို့အား မြန်မာနိုင်ငံသို့ထွက်ခွာမည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Myanmar Airways International-MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆောလျင်စွာ ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea