Japan

ကုန်စျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ပြည်တွင်းစီးပွားရေးနှိုးဆွမှုအစီအမံသစ်များ ဖော်ဆောင်ကြရန် ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

Last Updated:

ရုရှားနှင့် ယူကရိန်းတို့အကြား ပဋိပက္ခဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ဂျပန်နိုင်ငံ၌ စွမ်းအင်၊ ကုန်စည်နှင့် နှံစားသီးနှံစျေးနှုန်း များ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရှိ အိမ်ထောင်စုများအပေါ်  အကျပ်အတည်းသက်ရောက်မှု လျော့ပါးစေရန် စီးပွားရေး နှိုးဆွမှုအစီအမံများကို ဧပြီလနှောင်းပိုင်းမှစတင်ကာ ဆောင်ရွက်သွားကြရန် ဝန်ကြီးများအား မတ်လ ၂၉ ရက်၊ အင်္ဂါနေ့တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါအစီအမံများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါသက်ရောက်မှုမှ နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူစေရန် ရည်မှန်းထား သည့်အပြင် ရေနံစိမ်းစျေးနှုန်းများ မြင့်မားလာမှုအပေါ် သက်ရောက်မှုလျော့ပါးစေရန်၊ ပင်မစားသောက်ကုန်များပံ့ပိုးပေးရန်၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးရန်နှင့် ဝင်ငွေနည်းပါးပြီး ပံ့ပိုးမှုလိုအပ်သူများ အား ပံ့ပိုးကူညီမှုဆောင်ရွက်ရန်စသည် လုပ်ငန်းစဉ် ၄ ရပ်အပေါ် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Kishida မှ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

စွမ်းအင်နှင့် နှံစားသီးနှံစျေးနှုန်းများ မြင့်တက်လာခြင်းသည် မကြာသေးမီရက်ပိုင်းအတွင်းက ပြည်တွင်း တစ်စိတ်တစ်ပိုင်း အရေး ပေါ်ကြေငြာချက် ရုတ်သိမ်းထားသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်လာစေပါသည်။

ဂျပန်နိုင်ငံသည် ၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီးပွားရေးပံ့ပိုးမှုအစီအမံများ ဆောင်ရွက်ရန်အတွက် စံချိန်တင်ဘတ်ဂျက်အဖြစ် ယန်း ၁၀၇.၆၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၈၁ ဘီလီယံ) ကို လတ်တလောအတည်ပြုခဲ့ပါသည်။

၀၂၂ ဘဏ္ဍာနှစ်အတွင်း ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့် ဘတ်ဂျက်ယန်း ၅ ထရီလီယံနှင့် အခြားသော အရေးပေါ်အသုံးစရိတ်များအတွက် လျာထားသည့် အရန်ရန်ပုံငွေ ယန်း ၅၀၀ ဘီလီယံတို့ကို ဘဏ္ဍာရေးကဏ္ဍနှိုးဆွမှု အစီအမံများ အဖြစ် သုံးစွဲရန် ဝန်ကြီးချုပ် Kishida က ညွှန်ကြားခဲ့ပါသည်။

ပထမဦးစားပေးအနေဖြင့် အသုံးစရိတ်သုံးစွဲမည့်အစီအစဉ်ကို အလျင်အမြန်တင်ပြကြရန်နှင့် စီးပွားရေးနှိုးဆွမှုအစီအမံများအတွက် အရန်ရန်ပုံငွေများကို အသုံးပြုကြရန် ဝန်ကြီးချုပ်က မတ်လ ၂၈ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။

လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ အငယ်တန်းညွန့်ပေါင်းမိတ်ဖက်ပါတီဖြစ်သည့် ခိုမေးတိုးပါတီ (Komeito) သည် အပိုဘတ်ဂျက်ကိုရေးဆွဲပြီး အကျပ်အတည်းဖြစ်နေသည့် စားသုံးသူများကို ပံ့ပိုးမှုများ တိုးချဲ့ဆောင်ရွက်ရန် လုံလောက်သည့် ရန်ပုံငွေရရှိရေးကို အဆိုပြုထားပါသည်။

ဂျပန်ပြည်တွင်း၌ ကုန်စျေးနှုန်းများ မြင့်မားလာခြင်းအပြင် အခြားရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်မှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ယန်းငွေတန်ဖိုးကျဆင်းလာမှုကြောင့် သွင်းကုန်အတွက် ကုန်ကျစရိတ်များမြင့်တက်လာပြီး သယံဇာတရှားပါးသည့် ဂျပန်နိုင်ငံအတွက် ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါသည်။ သို့သော် ယန်းငွေတန်ဖိုးကျဆင်းခြင်း၏ အားသာချက်အဖြစ် ပြည်ပသို့ ပို့ကုန်များတင်ပို့သည့် လုပ်ငန်းရှင်များအတွက် အမြတ်ငွေတိုးပွားသည့် အကျိုးကျေးဇူးကို ရရှိစေပါသည်။

စီးပွားရေးနှိုးဆွမှုအစီအမံများတွင်  ပါဝင်သည့် အရေးပါသည့် အချက်အနေဖြင့် Kishida ၏ အယ်လ်ဒီပီ (LDP) ပါတီနှင့် ခိုမေးတိုး (Komeito) ပါတီတို့သည် ယခင်နှစ်အစောပိုင်းကထက် ပင်စင်ငွေ ၀.လျော့ကျသွားသည့် ပင်စင်စားများအတွက် ယခုဧပြီလ တွင် ယန်း ၅,၀၀၀ စီ တစ်ကြိမ်တည်းသောပံ့ပိုးငွေအဖြစ် ဖြန့်ဝေပေးရန်အစီအစဉ်ကို သဘောတူခဲ့ကြပါသည်။

သို့သော် အတိုက်အခံလွှတ်တော်အမတ်များက ထိုသို့ဆောင်ရွက်ခြင်းသည် ယခုနှစ်နွေရာသီတွင် ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ အကြီးတန်းမဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ကာ ဝေဖန်ခဲ့ကြောင်း သိရပါသည်။

ဝန်ကြီးချုပ် Kishida သည် ဧပြီလကုန်အထိ ဓာတ်ဆီလက်လီစျေးနှုန်းများ လျှော့ချရန်အတွက် ဓာတ်ဆီလက်ကားရောင်းချသူ များကို တစ်လကြာ ထောက်ပံ့ကြေးများ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။ https://japantoday.com. နှင့် https://www.japantimes.co.jp.

Category: Japan