China (HongKong)

ကုန်သွယ်ရေးဆိုင်ရာ ပထမအဆင့် သဘောတူလက်မှတ်ရေးထိုးခြင်းသည် ကစားပွဲ၏ ပထမအဆင့်ဖြစ်ပြီး ကုန်သွယ်ရေးစစ်ပွဲ မပြီးဆုံးသေးကြောင်း တရုတ်နိုင်ငံမှ ပြောကြားခြင်း

Last Updated:

        ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးဆိုင်ရာ လက်မှတ်ရေးထိုးခြင်းသည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကစားပွဲ၏ ပထမအဆင့်သာဖြစ်ပြီး ကုန်သွယ်ရေးစစ်ပွဲမှာ မပြီးဆုံးသေးကြောင်း တရုတ်နိုင်ငံအစိုးရမှ သတင်းမီဒီယာများတွင်ရေးသား ဖော်ပြထား ကြောင်း၊ ဝါရှင်တန်တွင် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် လက်မှတ် ရေးထိုးခြင်းမှာ အငြင်းပွားမှုပြဿနာများဖြေရှင်းရန် ပထမအဆင့်သာဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံအပေါ် သတ်မှတ်ထားသော အခွန်အားလုံးအား မဖယ်ရှားသေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်တွေ့လုပ်ကိုင်နိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်ဆဲဖြစ်ပြီး  အသေချာမှုများစွာရှိနေသေးကြောင်း၊ ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိနိုင်ရန်မှာ တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ အခြားသောကဏ္ဍများရှိ သဘောကွဲလွဲမှုများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများရရှိအောင် ချဉ်းကပ်ရှာဖွေရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလလယ်က ကြားဖြတ်သဘောတူညီချက်အား နှစ်နိုင်ငံစလုံးမှ ကြော်ငြာခဲ့ပြီးနောက် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Liu He သည် ပထမအဆင့် လက်မှတ်ရေးထိုးရန် ဝါရှင်တန်သို့ (၃) ရက်ကြာ သွားရောက်မည့်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် South China Post ၌ Mr. Zhou Xin ကရေးသား ဖော်ပြထား ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)