China(Nanning)

ကုန်းတွင်းဆိပ်ကမ်းများမှ ထွက်ခွာသည့် ပို့ကုန်ပစ္စည်းများအတွက် အခွန်ငွေပြန်အမ်းသည့် စမ်းသပ်စီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံ၏ ကုန်းလမ်းဆိပ်ကမ်းမှ ထွက်ခွာရာတွင် အခွန်ငွေပြန်အမ်းသည့် စမ်းသပ်အစီအစဉ်အရ ပထမဆုံး စတင်ဆောင်ရွက်မှု ကို ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပေပုပင်လယ်ကွေ့ဆိပ်ကမ်း၌ မတ်လ ၁၂ ရက်နေ့တွင် စတင်ခဲ့ပါသည်။

၎င်းစီမံကိန်းမှာ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဌာနနှင့် နိုင်ငံတော်အခွန်အကောက်စီမံခန့်ခွဲရေးတို့၏ ဖေဖော်ဝါရီလ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာချက်တွင် ပြဌာန်းထားသည့် လိုအပ်ချက်များနှင့်ပြည့်မီသော လုပ်ငန်းများက ပို့ကုန်တင်ပို့ရန် တံခါးဖွင့်ပေးခြင်းဖြစ်ပါသည်။

၎င်းလုပ်ငန်းများမှ ကုန်စည်များသည် ရှန်းစီး (Shaanxi) ပြည်နယ်၊ ရှီအန်းအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေး ဇုန်မှ ထွက်ခွာနိုင်ပြီး ၎င်းနေရာတွင် အကောက်ခွန်ရှင်းလင်းမှုပြုလုပ်ကာ တရုတ်မီးရထားနှင့် ၎င်း၏ လက်အောက်ခံဌာနများမှ ကုန် တင်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပြီး ပေပုပင်လယ်ကွေ့ဆိပ်ကမ်းသို့ ရောက်ရှိသည့်အခါ ပို့ကုန်တင်ပို့ရန်အတွက် ကုန်သေတ္တာများ အတွင်း ထည့်သွင်း၍ တင်ပို့ရမည်ဖြစ်ပါသည်။ ရှန်းစီးတွင် အကောက်ခွန်ရှင်းလက်းမှုပြီးဆုံးသည်နှင့် ကုမ္ပဏီများက အခွန်ငွေ ပြန်လည်ရရှိရေးအတွက် လျှောက်ထားနိုင်ကြပါသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် မတည်ငွေရင်း အသုံးပြုမှုကို အချိန်တိုတိုနှင့်အကျိုး များစေလျက် ဘဏ္ဍာရေးဖိအားများကိုလည်း ဖယ်ရှားပေးပါသည်။

ယခုစမ်းသပ်အစီအစဉ်ကို တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များရှိ ကုမ္ပဏီများ ပိုမိုအသုံးချလာစေရန်နှင့် ပို့ကုန် တင်ပို့မည့် ဆိပ်ကမ်းအား ပေပုပင်လယ်ကွေ့ဆိပ်ကမ်းကို ရွေးချယ်စေရန် ကွမ်ရှီးက မျှော်လင့်ထားပါသည်။ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း- ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံအသစ်၏ ဝန်ဆောင်မှုစွမ်းရည်အား အကောင်းဆုံးဖြစ်ပေါ်လာစေရန် ကွမ်ရှီးက အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source: en.gxzf.gov.cn (18-3-2022)

Category: China(Nanning)