China(Beijing)

ကောက်ပဲသီးနှံများ ထုတ်လုပ်ထွက်ရှိမှု တိုးတက်လာစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိခြင်း

Last Updated:

တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားသည့် ကောက်ပဲသီးနှံများထုတ်လုပ်ထွက်ရှိမှု တိုးတက်လာစေမည့်စီမံကိန်း (၆) ခု ချမှတ်ဆောင်ရွက်ခဲ့ကြောင်း အစား အသောက်လုံခြုံစိတ်ချရမှု စဉ်ဆက်မပြတ်စေရန်၊ ၂၀၂၅ ခုနှစ်သို့အရောက်တွင် ကောက်ပဲသီးနှံအရည်အသွေးနှင့် လတ်ဆတ်မှုကို ထိန်းသိမ်းထားနိုင်ရန်၊ အပူချိန် ထိန်းညှိသိုလှောင်ထားနိုင်ရန်၊ ဓာတုပစ္စည်းအသုံးချမှု လျှော့ချရန်၊ အစားအသောက်ထိန်းသိမ်းရာတွင် လိုက်လျောညီထွေရှိမည့် ပတ်ဝန်းကျင်ကောင်းဖန်တီးနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစတင်၍ အစားအသောက်အရည်အသွေးမြင့်မားစေမည့် စီမံကိန်းများ ချမှတ်လုပ်ဆောင်လျက် ရှိကြောင်း၊ ဗဟိုအစိုးရမှ အဆိုပါစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ (၃.၃) ဘီလီယံ ခွဲဝေချထားပေးခဲ့ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပမာဏ တရုတ်ယွမ်ငွေ ၆၀ ဘီလီယံအထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်ဟု တရုတ်အမျိုးသားအစားအသောက်နှင့် မဟာဗျူဟာ အရန်ထားရှိရေး ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https://enapp.chinadaily.com.cn/a/202111/19/AP619702d8a310b7d50bab7c53.html

 

 

Category: China(Beijing)