Thailand

ကော်မတီအနေဖြင့် e-commerce လုပ်ငန်းစီမံချက်မူကြမ်းကို အတည်ပြုခြင်း

Last Updated:

ထိုင်းအစိုးရအနေဖြင့် ၎င်း၏ e-commerce ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် e-commerce မှနေ၍ ဝင်ငွေဘတ် (၇.၁) ထရီလီယံကျော်ရရှိနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားပြီး နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း (၁၀%) အထိ တိုးမြှင့်သွားရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

(၂၁.၄.၂၀၂၂) ရက်နေ့က ကျင်းပခဲ့သော ၂၀၂၂ ခုနှစ် e-commerce ကော်မတီအစည်းအဝေးတွင် ဉက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည့် ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Samalapa က အဆိုပါအဖွဲ့သည် အမျိုးသား e-commerce ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် ဒုတိယအဆင့် (၂၀၂၃-၂၀၂၇) ကို အတည်ပြုခဲ့ကြောင်း၊ ပထမအဆင့်မှာ (၂၀၂၁-၂၀၂၂) အထိဖြစ်ကြောင်း သိရှိရပါသည်။

ပထမအဆင့်တွင် အစိုးရအနေဖြင့် ယခုနှစ်အတွက် e-commerce ဝင်ငွေကို ဘတ်ငွေ (၅.၃၅) ထရီလီယံအထိ တိုးမြှင့်သွားရန် ရည်မှန်းခဲ့ကြကြောင်း၊ SMEs လုပ်ငန်းများ၏ e-commerce ဝင်ငွေကို တစ်နှစ်လျှင် အနည်းဆုံး (၅%) တိုးမြှင့်သွားရန်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပနယ်စပ်ဖြတ်ကျော် e-commerce ဝင်ငွေကို အနည်းဆုံး (၅%) တိုးမြှင့်ပေးရန်ရည်ရွယ်ထား ကြောင်း သိရှိရပါသည်။

အဆိုပါစီမံချက်သည် အစိုးရနှင့် ပုဂ္ဂလိကတို့အကြား e-commerce အချက်အလက်များကို ချိတ်ဆက်ပေးရန် မျှော်မှန်းသည့် အပြင်၊ တိုင်းပြည်၏ ကြီးမားသော ဒေတာအချက်အလက် Big Data analysis ဆန်းစစ်လေ့လာမှု၏ စွမ်းဆောင်ရည်တိုးတက်လာ စေရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

အဆိုပါအစီအစဉ်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဉီးစီးဌာနမှတစ်ဆင့် e-commerce အော်ပရေတာများကို တစ်နှစ်လျှင် အနည်းဆုံး (၁၀,၀၀၀) ဉီးအထိ မှတ်ပုံတင်စေလိုကြောင်း သိရှိရပါသည်။ ပထမအဆင့်သည် ပြည်နယ် (၂၀)၊ ဝန်ကြီးဌာန (၈) ခုနှင့် ပုဂ္ဂလိက ကဏ္ဍတို့အကြား ပေါင်းစည်းမှုကိုမြှင့်တင်သွားရန်ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ Electronic Transactions Development Agency ၏ အချက်အလက်များအရ ထိုင်းနိုင်ငံ၏ e-commerce တန်ဖိုးမှာ ၂၀၂၁ ခုနှစ်တွင် ဘတ်ငွေ (၄.၀၁) ထရီလီယံရှိကြောင်း၊ ၎င်းမှာ ၂၀၂၀ ခုနှစ်က ရှိခဲ့သော (၃.၇၈) ထရီလီယံထက် (၆.၀၈%) တိုးခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက SMEs များအပါအဝင် ရပ်ရွာလူမှုအသင်းအဖွဲ့များ၊ လယ်သမားများ၏ ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်၍ အားကောင်းအောင် စီစဉ်ထားပြီး မညီမျှမှုများကိုလျှော့ချကာ အခြေခံလူတန်းစား  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အွန်လိုင်းပလက်ဖေါင်းများနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံမှုများမှတစ်ဆင့် BCG ဟုခေါ်သည့် ဇီဝ (Bio)၊ Circular နှင့် အစိမ်းရောင် စီးပွားရေး (Green Economy) ဆိုင်ရာ ထုတ်ကုန်များအတွက် ဈေးကွက်ချဲ့ထွင်မှုမှနေ၍ ပြည်ပစားသုံးသူများ၏ ယုံကြည်မှု အကျိုးအမြတ်ရရှိစေရေး မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့်အမျိုးသားပုံရိပ်ကို တည်ဆောင်နိုင်ရေး အဓိကအာရုံစိုက် ထားကြောင်း သိရှိရပါသည်။

စီမံကိန်း၏ ဒုတိယအဆင့်တွင် လူအင်အား၊ နိုင်ငံသားများနှင့် ဒီဂျစ်တယ်စွန့်ဉီးတီထွင်သူများ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းထား ကြောင်း၊ e-commerce ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေမည့် သဘာဝပတ်ဝန်းကျင်အဆင့်မြှင့်တင်ရေး၊ ယုံကြည်မှုများမြှင့်တင်ခြင်း၊ အွန်လိုင်းပလက်ဖေါင်းနှင့် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများတွင် အွန်လိုင်းကုန်သွယ်မှု မြင့်တင်ရေးတို့ ပါဝင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand