Japan

ကျန်းမာရေးပြုစုစောင့်ရှောက်လုပ်သားမလုံလောက်မှု ဂျပန်ရင်ဆိုင်ရမည်

Last Updated:

ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (MHLW) က ၂၀၄၀ ပြည့်နှစ်အရောက်တွင်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေ အများဆုံးဖြစ်လာနိုင်သည့်အတွက် ကျန်းမာရေးကဏ္ဍနှင့် ပြုစုစောင့်ရှောက်ရေး ဆိုင်ရာဝန်ထမ်းများ အင်အားမလုံမလောက်ဖြစ်လာနိုင်ပါ ကြောင်း၊ နိုင်ငံ၏ လူဦးရေကျဆင်းလာသည်နှင့်အမျှ သက်ကြီးရွယ်အိုများ ပိုမိုများပြားလာသည့်အတွက် အဆိုပါအရေးကိစ္စကို စိုးရိမ်ဖွယ်ဖြစ်ပါကြောင်း ၎င်းတို့၏ အစီရင်ခံစာမူကြမ်းတွင် သုံးသပ်ဖော်ပြထားပါသည်။

၂၀၄၀ ပြည့်နှစ်တွင် ကျန်းမာရေးကဏ္ဍနှင့် ပြုစုစောင့်ရှောက်ရေးနယ်ပယ်တွင် လုပ်သားအရေအတွက် ၁၀.၇ သန်း လိုအပ်လာနိုင်ကြောင်း၊ လုပ်သား ၅ ဦးတွင် ၁ ဦးနှုန်း အဆိုပါနယ်ပယ်တွင် အလုပ်လုပ်ကိုင် ဆောင်ရွက်နေခြင်း ဟုသုံးသပ်ရပါကြောင်း၊ ၂၀၄၀ ပြည့်နှစ်တွင် အသက် ၆၅ နှစ်ရှိသူ အမျိုးသားများ၏ ၄၀ % သည် အသက် ၉၀ နှစ်အထိ အသက်ရှည်ဖွယ်ရာရှိပြီး အမျိုးသမီးများ၏ ၂၀ %  အသက် ၁၀၀ နှစ်အထိ အသက်ရှည်ဖွယ်ရှိပါကြောင်း အဆိုပါအစီရင်ခံစာမူကြမ်းတွင်  ဖော်ပြထားပါသည်။

ထိုအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် စဉ်ဆက်မပြတ်တိုးတက်စေမည့် လူမှုဖူလုံရေးစနစ်တစ်ခုကို  ခိုင်ခိုင်မာမာအကောင်အထည်ဖော်ရန် အဓိက အချက်အနေဖြင့် ၎င်းအစီရင်ခံစာတွင် ထည့်သွင်းထားကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)  

Category: Japan