China(Nanning)

ကွမ်ရှီးတွင် ကုန်စည်အလေးလံဆုံးတင်ဆောင်ထားသည့်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်သည့်ရေကြောင်းလမ်းကို စမ်းသပ်ပြေးဆွဲ

Last Updated:

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရှင်းကျန်း ကုန်သေတ္တာတင်သင်္ဘောလိုင်း၏ ကွေ့ဂမ်နှင့် ဝူကျိုးကြား ရေကြောင်းလမ်းပိုင်းပေါ်တွင် မက်ထရစ်တန်ချိန် (၃) ထောင် တင်ဆောင်ထားသည့် သင်္ဘောများပြေးဆွဲမည့် ပထမအဆင့်ကိုစမ်းသပ်ခဲ့ကာ၊ ကွမ်ရှီး၏ ကုန်းတွင်းပိုင်းမြစ်များအားလုံးအနက် ကုန်စည်အလေးလံဆုံး တင်ဆောင်ထားသည့် သင်္ဘောပြေးဆွဲသည့် လမ်းကြောင်းဖြစ်လာမည်ဖြစ်ကြောင်း သိရပါသည်။

၎င်းလမ်းကြောင်းမှာ အနောက်ပိုင်းရှိ နန်နင်းမြို့မှစတင်ကာ အရှေ့ဘက်ရှိ ကီလိုမီတာ (၈၅၀) ကွာဝေးသည့် ကွမ်တုန်းပြည်နယ်၏မြို့တော် ကွမ်ကျိုးတွင် အဆုံးသတ် မည်ဖြစ်ပါသည်။ ၎င်းလမ်းပိုင်းကို အပိုင်း (၂) ပိုင်းခွဲ၍ တည်ဆောက်နေပြီး၊ ပထမအဆင့်တွင် ကီလိုမီတာ (၂၆၆.၅) ပါဝင်ပါသည်။

“ရွှေရောင်လွှမ်းသည့် သင်္ဘောလမ်းကြောင်း” ဟု လူသိများသည့် ၎င်းရေကြောင်းလမ်းသည် ကွမ်တုန်း- ဟောင်ကောင်- မကာအို မဟာပင်လယ်အော်ဧရိယာနှင့် ကွမ်ရှီးကို ဆက်သွယ်ပေးသည့် အရေးပါသောလမ်းကြောင်းဖြစ်လာပြီး၊ ပုလဲမြစ်နှင့် ရှင်းကျန်းမြစ် စီးပွားရေးရပ်ဝန်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ပါ သည်။

မကြာသေးမီနှစ်များအတွင်း ရှင်းကျန်းကုန်သေတ္တာတင်သင်္ဘောလိုင်းမှာ သင်္ဘောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် အရှိန်အဟုန်ကြီးမားစွာ ရရှိလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ပထမ (၁၁) လအတွင်း ၎င်းသင်္ဘောလိုင်းမှ သင်္ဘောခေါက်ရေ (၃၄၃,၀၀၀) ကြောင်းကို ပြေးဆွဲပေးခဲ့ကာ ယခင်နှစ်ကထက် (၆.၂၁) ရာခိုင်နှုန်း ပိုမိုခဲ့ပါသည်။ ၎င်းသင်္ဘောများဖြင့် ကုန်စည်တန်ချိန်ပေါင်း (၃၂၃) သန်းကို သယ်ဆောင်ပေးခဲ့ပြီး ယခင်နှစ်ကထက် (၆.၂၅) ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၄-၁-၂၀၂၂)

Category: China(Nanning)