China(Nanning)

ကွမ်ရှီး၏ (၂၀၂၀) ခုနှစ်အတွက် ထိပ်တန်းလုပ်ငန်း (၁၀၀) စာရင်းအား ထုတ်ပြန်

Last Updated:

ကွမ်ရှီး စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှင်များ မဟာမိတ်အဖွဲ့က (၂၀၂၀) ခုနှစ်၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း(၁၀၀)၊ ထိပ်တန်းစက်မှုကုန်ထုတ်လုပ်ငန်းရှင် (၅၀)နှင့် ထိပ်တန်း ဝန်ဆောင်မှုလုပ်ငန်း (၅၀)တို့၏ စာရင်းအား မကြာသေးမီက ထုတ်ပြန်ကြေငြာခဲ့ပါသည်။  ရုံးချုပ်များ တည်ရှိရာမြို့တော်များအားဖြင့် နန်နင်းမြို့မှ လုပ်ငန်း (၄၇)ခု ပါဝင် ကာ ဝင်ငွေစုစုပေါင်းမှာ ယွမ်ငွေ (၉၃၃.၅၂၄)ဘီလီယံရှိကြ၍  စုစုပေါင်းလုပ်ငန်းများ၏ (၅၈.၄၁) ရာခိုင်နှုန်းရှိသည်ကို တွေ့ရပါသည်။

အဆင့်များနှင့် ဆန်းစစ်မှုအပေါ် အခြေခံကြည့်သည့်အခါ အလုံးစုံအားဖြင့် လုပ်ငန်းများဆက်လက်တိုးချဲ့နေသည့်လမ်းကြောင်းနှင့် လွန်ခဲ့သည့် (၄)နှစ်အတွင်း စံချိန်တင်လောက်အောင် ဖွံ့ဖြိုးလာခဲ့မှုအား ကွမ်ရှီး၏ ထိပ်တန်း လုပ်ငန်း (၁၀၀) စာရင်းက ပြသနေပါသည်။ ပထမဆုံးအကြိမ်အတွက် ၎င်းတို့၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ယွမ်ငွေ (၄) ထရီလီယံသို့ ရောက်ရှိခဲ့ကာ စာရင်းတွင်ဖော်ပြထားသောလုပ်ငန်းအများစုက ယမန်နှစ် အတွင်း လုပ်ငန်း လည်ပတ်ရာမှ ရရှိသောဝင်ငွေတွင် တိုးတက်မှုများရရှိခဲ့ကြပါသည်။

ထို့ပြင် ထိပ်တန်းဝန်ဆောင်မှုလုပ်ငန်း (၅၀) အနက် လုပ်ငန်း (၄၀) ၏ ရုံးချုပ်များမှာ နန်နင်းမြို့တွင် တည်ရှိပြီး စာရင်း၏ (၈၀) ရာခိုင်နှုန်းကျော်ပါဝင်နေပါသည်။ ၎င်းလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်သည့် ဝင်ငွေမှာ ယွမ်ငွေ (၆၅၅၉၀၈) ဘီလီယံရှိပြီး စုစုပေါင်းဝန်ဆောင်မှုလုပ်ငန်းများ လုပ်ငန်းလည်ပတ်သည့်ဝင်ငွေ၏ (၈၄.၈၇) ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ Nanning Daily  (၂၇-၉-၂၀၂၀)

Category: China(Nanning)