Belgium

ခရိုအေးရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းနိုင်ရန်အတွက် ခရိုအေးရှား ကူနာငွေ HRK (၇၇) သန်းသုံးစွဲသွားမည်

Last Updated:

ခရိုအေးရှားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်နည်းလမ်းသို့ ကူးပြောင်းနိုင်စေရေး ခရိုအေးရှားကူနာငွေ (HRK) ၇၇ သန်း ရင်းနှီးမြှုပ်နှံသုံးစွဲသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခရိုအေးရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မည့်အလားအလာရှိကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍအား ဒစ်ဂျစ်တယ်အသွင်  ကူးပြောင်းနိုင် ရေးကို ခရိုအေးရှားနိုင်ငံ၏ အမျိုးသားပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေး အစီအမံ (National Recovery and Resilience Plan) တွင် ထည့်သွင်းထား ကြောင်း ခရိုအေးရှား စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ Marija Vučković က ပြောကြားပါသည်။

အဆိုပါ HRK (၇၇) သန်းတွင် အစိုးရဝန်ဆောင်မှုလုပ်ငန်းများအား ဒစ်ဂျစ်တယ်ပုံစံ ပြုလုပ်ခြင်းအတွက် (၁၄) သန်း၊ Smart Agriculture အတွက် (၅၀) သန်းနှင့် field-to-table စီမံကိန်းအတွက် (၁၃) သန်း အသုံးပြုသွားမည်ဟု သိရပါသည်။

ခရိုအေးရှားနိုင်ငံ၏ မိသားစုပိုင်လယ်ယာလုပ်ငန်းများ၌ အသက်ကြီးသူများကသာ အဓိကဆောင်ရွက်နေသဖြင့် ဒစ်ဂျစ်တယ်ပုံစံကူးပြောင်းဆောင်ရွက်ခြင်းဖြင့် ၎င်း လုပ်ငန်းတွင် လူငယ်လူရွယ်များ ပိုမိုပါဝင်လာစေရေး လှုံ့ဆော်ရန် လိုအပ်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းသို့ ကူးပြောင်းခြင်းဖြင့် အချို့လုပ်ငန်းနယ်ပယ်များ၌ လုပ်သားရှားပါးမှုပြဿနာကိုလည်း တစ်စိတ်တစ်ပိုင်းဖြေရှင်းနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။  

ထိရောက်မှုရှိသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်စေရေးနှင့် ယင်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းတို့သည့် ဒစ်ဂျစ်တယ်နည်းလမ်းအပေါ်တွင် မှီတည်နေကြောင်း၊ ဒစ်ဂျစ် တယ်ပုံစံဆောင်ရွက်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်းဖြင့် အရည်အသွေးမြင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းကို အကျိုးပြုနိုင်စေမည်ဖြစ်ကြောင်း၊ အနာ ဂတ်တွင် ခရိုအေးရှားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပို၍ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် ပါဝင်ပတ်သက်နေသည့် stakeholders များအား အသိပညာပေးခြင်း များ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသ လူမှုအသိုက်အဝန်းရှိ stakeholders အားလုံးကို ဒစ်ဂျစ်တယ်နည်းဖြင့် စိုက်ပျိုးရေးစနစ်အား စတင်လေ့လာနိုင် စေရေး သင်ကြားပေးရန် လိုအပ်နေကြောင်း  သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ်https://www.total-croatia-news.com/

Category: Belgium