Belgium

ခရိုအေးရှားနိုင်ငံ၏ GDP ၇ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း European Bank for Reconstruction and Development (EBRD) ခန့်မှန်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုနှစ်တွင် ခရိုအေးရှားနိုင်ငံ၏ စီးပွားရေးသည် (၇) ရာခိုင်နှုန်းဖြင့် ကျဆင်းနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် တိုးတက်မှုနှုန်း (၆) ရာခိုင်နှုန်းဖြင့် လျင်မြန်စွာ  ပြန်လည်နိုးထလာမည်ဟု ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာဥရောပဘဏ် (European Bank for Reconstruction and Development- EBRD) က ၎င်း၏ နွေဦးရာသီ ခန့်မှန်းချက်တွင် ပြောကြားထားကြောင်း၊ မတ်လလယ်တွင် အစိုးရအနေဖြင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများအပါအဝင် အသွားအလာကန့်သတ်မှုအစီအမံများချမှတ်ခဲ့ပြီး၊ စီးပွားရေးကျဆင်းမှု၏ အဓိကအကြောင်းအရင်းမှာ ခရီးသွားလုပ်ငန်းကဏ္ဍ ကျဆင်းခဲ့၍ဖြစ်ကြောင်း သိရှိရပါသည်။

နှစ်အလိုက်နှိုင်းယှဉ်ချက်အရ ယခုနှစ် မတ်လတွင် ခရီးသွားဝင်ရောက်မှုသည် (၇၅) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအကြား ကျဆင်းခဲ့ကြောင်း၊ ဒုတိယသုံးလပတ်ကာလတွင်လည်း အလားတူကျဆင်းမည်ဟု ခန့်မှန်းထားပြီး၊ ဂျာမနီ၊ သြစတြီးယား၊ ဆလိုဗေး နီးယား၊ ဟန်ဂေရီနှင့် ချက်သမ္မတနိုင်ငံတို့မှ ခရီးသွားဧည့်သည်များ ခရိုအေးရှားနိုင်ငံသို့ ကုန်းလမ်းမှတစ်ဆင့် လာရောက်နိုင်သည့် အချက်ကြောင့် တတိယသုံးလပတ် ကာလ၌ ခရီးသွား ဝင်ရောက်မှုကျဆင်းခြင်းတွင်  (၃၀) ရာခိုင်နှုန်းခန့်သို့ လျော့ကျနိုင်မည်ဟု EBRD က ပြောကြားထားကြောင်း၊ ခရီးသွားလုပ်ငန်းမှ ဘဏ္ဍာငွေရရှိမှု ကျဆင်းခဲ့သဖြင့် လုပ်သားများ၏ (၂၅) ရာခိုင်နှုန်းခန့်မှာ ကာလတိုစာချုပ်ဖြင့် လုပ်ကိုင်သူများဖြစ်ပြီး၊ အများစုမှာ ခရီးသွားလုပ်ငန်းဆက်စပ် ကဏ္ဍများတွင်လုပ်ကိုင်နေကြသော ခရိုအေးရှားနိုင်ငံ၏ လုပ်သားဈေးကွက်အပေါ်ရိုက်ခတ်မှုအပါအဝင် ဗိုင်းရပ်စ်အကျပ်အတည်း၏ ဖိတ်စင်အကျိုးသက်ရောက်မှုများ ပိုမိုရှိလာနိုင်ကြောင်း၊ ပြည်တွင်း၌အသွားအလာကန့်သတ်မှုကြောင့် ဝန်ဆောင်မှုများနှင့် ကြာရှည်ခံကုန်စည်များအတွက် ဝယ်လိုအားသိသိသာသာကျဆင်းခဲ့ပြီး၊ မတ်လတွင် ဇာဂရက်၌ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ပြုပြင်မှုများ ဆောင်ရွက်ရသဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်စည်များ အရောင်းကျဆင်းမှုတွင် ထိခိုက်မှုနည်းနိုင်ကြောင်း EBRD က ပြောကြားထားပါသည်။

ဗိုင်းရပ်စ်အကျပ်အတည်းကြောင့် အီတလီနိုင်ငံ၏စီးပွားရေးအပေါ် ဆိုးရွားစွာရိုက်ခတ်ခဲ့သည့်အခြေအနေတွင် ခရိုအေးရှားနိုင်ငံ၏ ကုန်စည်တင်ပို့မှုမှာလည်းကျဆင်းမည်ဖြစ်ကြောင်း၊ ခရိုအေးရှားအစိုးရအနေဖြင့် လက်ရှိအချိန်ထိ GDP ၏ (၇) ရာခိုင်နှုန်း ဝန်းကျင်ရှိသည့် အားကောင်းသော လှုံ့ဆော်မှုအစီအမံများဖြင့် စီးပွားရေးအပေါ်ဆန့်ကျင်အကျိုးသက်ရောက်မှုများအား ထိန်းချုပ်နိုင်ရေး တုန့်ပြန်ဆောင်ရွက်ထားကြောင်း၊ ပုံမှန်အခြေအနေတွင်ရှိမည့် စီးပွားရေးအလားအလာအောက် လျော့နည်းနေဆဲ ဖြစ်သော်လည်း ကန့်သတ်ချက်များဖယ်ရှားလိုက်ခြင်းကြောင့် ယခုနှစ်တွင် စီးပွားရေးလုပ်ငန်းများပုံမှန်ပြန်ဖြစ်ရန်နှင့် ၂၀၂၁ ခုနှစ်အတွက် တိုးတက်မှုနှုန်း (၆) ရာခိုင်နှုန်းဖြင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာမည်ဟု EBRD က မျှော်လင့်ထားကြောင်းသိရှိရ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (Croatia Week)

Category: Belgium