Korea

ခရီးသွားလာမှုဆိုင်ရာ Quarantine ကန့်သတ်မှုအစီအမံများ ဖြေလျှော့ပေးမည်ဟု ကြေညာခဲ့ပြီးနောက် လေကြောင်းလိုင်းများသည် လုပ်ငန်းများ ပြန်လည်တိုးတက်ရန် မျှော်လင့်ချက်မြင့်မားလျက်ရှိ

Last Updated:

နိုင်ငံရပ်ခြားခရီးသွားလာမှုအတွက် ဆိုက်ရောက်ခရီးသည်များ မဖြစ်မနေဆောင်ရွက်ရသော ကိုဗစ်-၁၉ ဆိုင်ရာ Quarantine အစီအမံ များကို ဖြေလျှော့ပေးမည်ဟု ‌တောင်ကိုရီးယားအစိုးရက (၁၁-၃-၂၀၂၂) ရက်နေ့တွင် ကြေညာခဲ့ခြင်းကြောင့် လေကြောင်းလိုင်းများ အနေဖြင့် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်တိုးတက်ပွင့်လန်းလာရေးအတွက် မျှော်လင့်ချက်များ မြင့်မားလျက်ရှိပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မှစတင်၍ (ကန့်သတ်နိုင်ငံများမှအပ) တောင်ကိုရီးယားနိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသဖြင့် တောင်ကိုရီးယားနိုင်ငံ၏ COOV Application တွင် ၎င်းတို့၏ ကာကွယ်ဆေးထိုးပြီးကြောင်း Register ပြုလုပ်စာရင်းသွင်းထားပြီးသူများသည် မဖြစ်မနေဝင်ရောက်ရသည့် Quarantine အစီအစဉ်မှ ကင်းလွတ်ခွင့်ရရှိတော့မည်ဖြစ်ပါသည်။ လက်ရှိ ကူးစက်မှုအခြေအနေများအရ ကန့်သတ်နိုင်ငံများစာရင်းတွင် ပါကစ္စတန်၊ ဉဇဘက်ကစ္စတန်၊ ယူကရိန်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်နေသေးကြောင်း www.visitkorea.or.kr တွင် လေ့လာတွေ့ရှိရ ပါသည်။

ကာလရှည်ကြာလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် ခက်ခဲမှုများစွာ ကြုံတွေ့နေရသော လေကြောင်းလိုင်းများသည် မဖြစ်မနေ Quarantine အစီအမံများကို တောင်ကိုရီးယားအစိုးရက ဖြေလျှော့ရုပ်သိမ်းပေးလိုက်ခြင်းကြောင့် ခရီးသည်များ တိုးတက်လာ မည်ဟု မျှော်လင့်လျက်ရှိကြောင်း၊ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ၎င်းတို့၏ ခရီးသွားလုပ်ငန်းဝင်ငွေများကို ကျဆင်းစေခဲ့သဖြင့် လေ ကြောင်းလိုင်းလုပ်ငန်းများသည် ခရီးသည်ဝယ်လိုအား ပြန်လည်ကောင်းမွန်လာစေရန် မျှော်လင့်နေကြကြောင်း၊ လတ်တလောတွင် နိုင်ငံ တကာလေကြောင်းခရီးစဉ်များ၏ (၉၀) ရာခိုင်နှုန်းနီးပါးကို ရပ်နားထားရသော်လည်း ယခုကဲ့သို့ Quarantine အစီအမံများကို အစိုးရက ဖြေလျှော့ပေးလိုက်သဖြင့် ခရီးစဉ်ပျံသန်းမှုများ ပြန်လည်စတင်နိုင်ရေးကို အထောက်အကူဖြစ်မည်ဟု မျှော်လင့်လျက်ရှိကြကြောင်း သိရှိ ရပါသည်။

တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း လေကြောင်းလိုင်း လုပ်ငန်းလည်ပတ်မှု အရှုံးငွေများအနေဖြင့် Jeju Air သည် ဝမ် (၃၂၃.၄) ဘီလီယံ (ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၆၂.၁ သန်း)၊ Jin Air သည် ဝမ် (၁၉၄.၂) ဘီလီယံ၊ T'way Air သည် ဝမ် (၁၅၇) ဘီလီယံ နှင့် Air Busan သည် ဝမ် (၂၀၄.၃) ဘီလီယံတို့ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း လေကြောင်းလိုင်းဖြစ်သော Korean Air သည် ၎င်း၏ ကုန်တင်ကုန်ချလုပ်ငန်းကြောင့် နှစ်စဉ်ဝင်ငွေတွင် Surplus (ပိုငွေပြ) ခဲ့သော်လည်း ၎င်း၏ခရီးသည်တင် လုပ်ငန်း လည်ပတ်မှုမှာ လျော့ကျနှေးကွေးခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် Korean Air ၏ ခရီးသည်လုပ်ငန်းသည် တန်ဖိုး ဝမ် (၁.၈၃) ထရီလီယံ ရောင်းချနိုင်ခဲ့ပြီး၊ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၈၆.၀၅) ရာခိုင်နှုန်း ကျဆင်းသွား ကြောင်း လေ့လာသိရှိရပါသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ နိုင်ငံရပ်ခြားတွင် ကာကွယ်ဆေးထိုးနှံပြီး ၎င်းတို့၏ ကာကွယ်ဆေးထိုးမှတ်တမ်းကို စာရင်းမသွင်း ထားသေးသူများသည်လည်း Quarantine ဝင်ရောက်ရခြင်း အစီအစဉ်မှ ကင်းလွတ်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း၊ သို့ရာတွင် ကာကွယ် ဆေး လုံးဝ (လုံးဝ) မထိုးရသေးသူများအနေဖြင့်မူ ရောက်ရှိပြီး (၇) ရက်ကြာ Quarantine နေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ Quarantine အခြေအနေများပေါ်မူတည်၍ လေကြောင်းခရီးစဉ်များ၊ လေယာဉ်ပျံသန်းမှုများနှင့် ဗီဇာထုတ်ပေးခြင်းတို့ကို တစ်ဖြည်းဖြည်း ချင်းတိုးချဲ့သွားရန် စီစဉ်ထားကြောင်း Central Disaster and Safety Countermeasures Headquarters မှပြောကြားခဲ့ပါသည်။ တစ်နည်းဆိုရသော် ယခုကဲ့သို့ တောင်ကိုရီးယားအစိုးရမှ ဖြေလျှော့ပေးမည့် မူဝါဒအရ ကိုဗစ်-၁၉ ကာကွယ်ဆေး Dose များကို သတ်မှတ်အကြိမ်အရေအတွက်ပြည့်မီစွာဖြင့် တတ်နိုင်သမျှထိုးထား၍ ရောဂါကာကွယ်မှုရှိနေသည့်ကာလပတ်လုံး နိုင်ငံရပ်ခြားခရီးသွား များကို Quarantine သီးသန့်ခွဲခြားနေထိုင်ရန် မလိုအပ်တော့သဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာပြီး ခရီးသွားလာမှုများလည်း ပြန်လည် ပွင့်လန်း တိုးတက်လာမည်ဟု မျှော်လင့်ရပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မတိုင်မီ လက်ရှိကာလတွင်မူ တောင်ကိုရီးယားနိုင်ငံ၏ Quarantine အာဏာပိုင်များသည် နိုင်ငံသား/ နိုင်ငံခြားသား ခရီးသွားများအား တောင်ကိုရီးယားနိုင်ငံသို့ မဝင်ရောက်မီ PCR စမ်းသပ်မှုရလဒ်ကို တင်ပြရန်လိုအပ်သေးကြောင်း၊ PCR စစ်ဆေးမှုရလဒ်သည် Negative (-) ဖြစ်သည့်တိုင် ဆိုက်ရောက်ခရီးသည်များအနေဖြင့် တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး နောက် (၇) ရက်ကြာ Quarantine နေထိုင်ရဉီးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: The Korea Times (14-3-2022

Category: Korea