China (HongKong)

ခွဲစိတ်ခန်းသုံးကိရိယာများ ထုတ်လုပ်သည့်ကုမ္ပဏီမှ ဟောင်ကောင်‌ဒေါ်လာ (၃) ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်

Last Updated:

တရုတ်ပြည်မကြီးအခြေစိုက် ခွဲစိတ်ခန်းသုံးကိရိယာများထုတ်လုပ်သည့် Kangji Medical ကုမ္ပဏီသည် ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းများနှင့် ဇီဝနည်းပညာလုပ်ငန်းများ (Biotech) ဆောင်ရွက်ရန် ဟောင်ကောင်စတော့ရှယ်ယာဈေးကွက်တွင် ဟောင်ကောင်ဒေါ်လာ (၃.၁၃) ဘီလီယံ ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ အဓိကရင်းနှီးမြှုပ်နှံသူများဖြစ်သည့် Hillhouse Capital၊ Black Rock၊ Cormorant Asset management၊ FMR၊ Orbimed Capital၊ Lake Bleu Capital နှင့် Oaktree Capital တို့အားလုံးပေါင်း၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁၆၅) မီလီယံရှိကြောင်း၊ လက်ရှိရှယ်ယာပိုင်ရှင်ဖြစ်သည့် အမေရိကန်နိုင်ငံအခြေစိုက် TPG မှ Kangji ၏ ရှယ်ယာ  (၃၃.၈၁) မီလီယံကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ Kangji သည် ဇီဝနည်းပညာနှင့် ကျန်းမာ‌ရေးစောင့်ရေှာက်မှုနှင့်ဆက်စပ်သည့် လုပ်ငန်းများ၏ ရှယ်ယာများ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီဖြစ်ပြီး ၂၀၁၉ ခုနှစ်က အသားတင်အမြတ် တရုတ်ယွမ် (၃၂၆.၄၇) မီလီယံရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် (၄၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ရှန်ဟိုင်းအခြေစိုက် ဓါတ်ရောင်ခြည်ဖြင့် ကုသသည့် ဝန်ဆောင်မှုလုပ်ငန်း Hygeia Healthcare မှ ယခုလကုန်တွင် ဟောင်ကောင်ဒေါ်လာ (၃.၃၁) ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားကြောင်း၊ ဇီဝဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ဆေးဝါးလုပ်ငန်းများမှလည်း ဟောင်ကောင်စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

ရင်းမြစ်:  South China Morning Post (16-6-2020)

Category: China (HongKong)