Japan

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဗြိတိန်သို့ သွားရောက်၍ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးရန် ပြင်ဆင်နေ

Last Updated:

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Motegi Toshimitsu က နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်နှင် ့ပတ်သက်၍ ဆွေးနွေးရန် လာမည့် သြဂုတ်လအစောပိုင်းတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်နိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရပါသည်။

ဗြိတိန်နိုင်ငံသည်  ဥရောပသမဂ္ဂ (EU) မှ ဇန်နဝါရီလက  ထွက်ခွာခဲ့ပြီး ယခုနှစ်အကုန်အထိ အကူးအပြောင်းကာလအခြေအနေတွင် ရပ်တည်နေပါသည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိ၌ EU နှင့် စီးပွားရေး မိတ်ဖက် သဘောတူညီမှုကိုအခြေခံကာ ဗြိတိန်နိုင်ငံနှင့် ကုန်သွယ်မှုများ ဆောင်ရွက်နေပါသည်။ သို့သော် အဆိုပါအကူးအပြောင်းကာလ ကုန်ဆုံးမည့်အချိန်တွင် ဦးစားပေးအခွန်ကောက်ခံမှု အစီအစဉ်များ၊ အခြားသောစီမံချက်များနှင့် အကျုံးဝင်နိုင်ခြင်းမရှိတော့မည်ဖြစ်၍ နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့် ဆွေးနွေးညှိနှိုင်း ရန်၊ စီးပွားရေးမိတ်ဖက် သဘောတူညီမှုစာချုပ် အသစ်တစ်ခုချုပ်ဆိုဆောင်ရွက်နိုင်ရန် Mr. Motegi ကစီစဉ်နေခြင်းဖြစ်ပါသည်။

နှစ်နိုင်ငံအကြားဆွေးနွေးပွဲတွင် ဗြိတိန်နိုင်ငံသို့ ဂျပန်နိုင်ငံမှ အများဆုံးတင်ပို့နေသည့် မော်တော်ယာဉ်များအပေါ် အခွန်ကောက်ခံမှု ကိစ္စရပ်နှင့်ပတ်သက်၍ အဓိကဆွေးနွေးမည်ဖြစ်ကြောင်း သတင်းခန့်မှန်း ချက်များအရ သိရပါသည်။  ကမ္ဘာတဝှမ်း၌ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံမှ ၀န်ကြီးများသည် ဖေဖော်ဝါရီလမှ အစပြုကာ နိုင်ငံရပ်ခြား ခရီးသွားလာမှုကို ရပ်ဆိုင်းထားကြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။ The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun.

Category: Japan