Japan

ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မတ်လအတွင်း ကုန်သွယ်မှုလိုငွေ ၄၂၁.၄ ဘီလီယံခန့်ရှိခဲ့

Last Updated:

လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည့် ကုန်ပစ္စည်းများတင်သွင်းရာတွင် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာခြင်းကြောင့် ကြိုတင်မျှော် မှန်းထားသည်ထက် ကုန်သွယ်မှုလိုငွေပြမှုကို ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်အစိုးရမှ ထုတ်ပြန်ခဲ့ခြင်းကြောင့် ဂျပန့်ယန်းငွေတန်ဖိုး ကျဆင်းလာမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်များအကြား ပိုမိုစိုးရိမ်လာကြပါသည်။

မတ်လအတွက် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေပြမှုမှာ ယန်း ၄၂၁ ဘီလီယံကျော် (အမေရိ ကန်ဒေါ်လာ . ဘီလီယံ) ရှိပြီး ယခင်လကထက်  ယန်း ၆၇၀ ဘီလီယံကျော် လျော့နည်းခဲ့သော်လည်း လွန်ခဲ့သည့်တစ်နှစ်ကျော် ၂၀၂၀ ပြည့်နှစ်တွင်  ကုန်သွယ်မှုပိုငွေတန်ဖိုး ယန်း ၆၁၅ ဘီလီယံ ရရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက ဆန့်ကျင်ဘက် အနေအထားအဖြစ် လျော့ကျခဲ့ကြောင်း စီးပွားရေး သုတေ သီများ၏ သုံးသပ်ချက်အရ သိရပါသည်။  

ယန်းငွေတန်ဖိုး ကျဆင်းလာခြင်းသည် ဂျပန်ပြည်ပပို့ကုန်တင်ပို့သူများအတွက် ယှဉ်ပြိုင်မှုကိုဖြစ်ပေါ်စေပြီး ဒေါ်လာမှ ယန်းငွေသို့ လဲလှယ်ရာတွင် အမြတ်အစွန်းများ ရရှိစေပါသည်။ သို့သော် ပြည်တွင်းစားသုံးသူများနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကိုလည်း တိုးမြင့်လာစေပါသည်။

ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki နှင့် အခြားသောအကြီးအကဲများသည် ဒေါ်လာစျေး အဆမတန်မြင့်တက်လာခြင်းအတွက် စိုးရိမ်ကြောင်းနှင့် ငွေလဲနှုန်းပြောင်းလဲမှုများမှာ စီးပွားရေးလုပ်ငန်းများအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေကြောင်း ပြောဆိုခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုများ လျော့ကျလာပြီးနောက် ကမ္ဘာ့နိုင်ငံများအကြား ခရီးသွားလာမှုနှင့် စီးပွားရေးဆိုင်ရာ ကူးလူးဆက်နွယ်မှုဆိုင်ရာ ကန့် သတ်ချက်များလျှော့ချပြီးနောက်ပိုင်း မတ်လတွင် ဂျပန်နိုင်ငံ၏ သွင်းကုန်တင်သွင်းမှုများမှာ ၃၁% မြင့်တက်လာသော်လည်း ပို့ကုန်တင်ပို့မှုများမှာ ၁၅% ခန့်သာ မြင့်တက်လာကြောင်း သိရပါသည်။ ဂျပန်နိုင်ငံ၏ သွင်းကုန်ပမာဏအားလုံးသည် ဂျပန်၏ စီးပွားရေးဆောင်ရွက်ချက်များ အားလုံး၏ ငါးပုံတစ်ပုံထက် လျော့နည်းသော်လည်း အဓိကတင်သွင်းသည့် ကုန်ပစ္စည်းများမှာ နိုင်ငံ၏စီးပွားရေးအတွက် အရေးပါသည့် ရေနံ၊ သဘာဝဓာတ်ငွေ့ နှင့် ကျောက်မီးသွေးတို့ ဖြစ်ကြပါသည်။

ရေနံ၊ သဘာဝဓာတ်ငွေနှင့် ကျောက်မီးသွေး စသည့်ကုန်ပစ္စည်းများအားလုံးတင်သွင်းမှု ကုန်ကျစရိတ်သည် ပြီးခဲ့သည့်နှစ် မတ်လကထက် ၈၀% ကျော်မြင့်တက်လာခဲ့ပြီး စားသောက်ကုန်တင်သွင်းမှုတွင် ၂၂% နှင့် ဓာတုဗေဒပစ္စည်းများ တင်သွင်းမှုတွင် ၄၂% ကျော်မြင့်တက်လာခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုမှာ ၁.% ကျဆင်းခဲ့ပြီး ပြည်ပသို့တင်ပို့ခဲ့သည့် မော်တော်ယာဉ်အရေအတွက်မှာ ၁၄% ကျော်ကျဆင်းခဲ့ပါသည်။ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် အခြားစက်ပစ္စည်းထုတ်လုပ်သူများသည် ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ထုတ်လုပ်မှုတွင် အရေးပါသည့် ကွန်ပျူတာချိပ်စ်ပြားများ (chips) ပြတ်လပ်မှုကြောင့် အချို့သောကုန်ထုတ်လုပ်ငန်းများမှာ ရပ်ဆိုင်းထားရပါသည်။

စီးပွားရေးသုတေသီများက အဆိုပါအကျပ်အတည်းများ လျော့ပါးသွားသည်နှင့်တပြိုင်နက် ဂျပန့်ပို့ကုန်များမှာ ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းကြသော်လည်း မတ်လအတွင်း ပို့ကုန်အမှာစာများ ကျဆင်းသွားခဲ့ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ လက်ရှိဧပြီလ၌လည်း ပို့ကုန်တိုးတက်မှုမှာ အားနည်းနေဆဲဖြစ်ကြောင်း စီးပွားရေးသုတေသနဆောင်ရွက်သည့် Capital Economics မှ Tom Learmouth က သုံးသပ် ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။ The Japan Today

 

Category: Japan