Japan

ဂျပန်နိုင်ငံအနေဖြင့် သုံးလဆက်တိုက် ကုန်သွယ်ရေးလိုငွေပြမှုဖြစ်ပေါ်နိုင်

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ကုန်သွယ်ရေးလိုငွေပြမှု ယန်း - ၁ . ၃၁၃ ထရီလီယံခန့်ထိ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေး နှေးကွေးလာမှုများ ကြောင့် နောက် ၃ လဆက်တိုက် လိုငွေပြမှုဖြစ်ပေါ်နေနိုင်ကြောင်းကို ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦးအစီရင်ခံစာတွင် သုံးသပ်ထားပါသည်။

ကုန်သွယ်ရေးလိုငွေပြမှုဖြစ်ပေါ်ရခြင်းသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အကျိုးသက်ရောက်မှုက နောက်ခံအကြောင်းတရားတစ်ခုသဖွယ်ဖြစ်ပြီး ဇန်နဝါရီလတွင် ဖြစ်ပေါ်ခဲ့မှုက အကြီးမားဆုံး ဖြစ်ခဲ့ပါသည်။

နှစ်လတ်ကာလအတွက် ကုန်သွယ်ရေးလိုငွေပြမှု ခန့်မှန်းမှုအနေဖြင့် ယန်း ၁.၄၁၈ ထရီလီယံထိ ရောက်ရှိလာနိုင်ကြောင်းကို  သုတေသနဌာနပေါင်း ၁၈ ခုပါဝင်သည့်  Jiji Press Poll တွင် ခန့်မှန်းသုံးသပ်ကြပါသည်။

လတ်တလော အဓိကအကြောင်းအရာအနေဖြင့် တရုတ်နှစ်သစ်ကူးကာလက ဖြစ်ပေါ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံနှင့် ပို့ကုန်ကဏ္ဍ ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး မော်တော်ကားထုတ်လုပ်မှုနှင့် အခြားထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်ကိုပါ ထိခိုက်မှုများ သက်ရောက်စေခဲ့ကြောင်းကို ဂျပန်နိုင်ငံ၊ Customs and Tariff Bureau မှ အရာရှိက ပြောကြားခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအစောပိုင်းတွင် ဂျပန်နိုင်ငံ၏ ပို့ကုန်ကဏ္ဍစုစုပေါင်းအနေ ဖြင့် ၂.၆ % ၊ ယန်း ၅.၄၃၁ သန်းခန့် ကျဆင်းခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 ရင်းမြစ်။ The Yomiuri Shimbun

Category: Japan