Japan

ဂျပန်နိုင်ငံ၏ ငွေကြေးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီအုပ်စုကြီးများ၏ အမြတ်ငွေများ ကျဆင်းလာခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ အထင်ကရ ငွေကြေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကုမ္ပဏီအုပ်စုကြီး ၃ ခု၏ ၂၀၂၀ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇွန်လအထိ ၃လပတ်ကာလအတွင်း အမြတ်ငွေရရှိမှု များစွာကျဆင်းခဲ့ကြောင်း သိရပါ သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကျပ်အတည်းကြောင့် ချေးငွေပေးဆပ်မှုမရှိခြင်းများနှင့် ကြုံကြိုက်နေရသဖြင့် အဆိုပါအခြေအနေမှ ကာကွယ်ရန် အရန်ငွေများ ပြင်ဆင်ထားခဲ့ရကြောင်း ကုမ္ပဏီအကြီးအကဲ များက ပြောကြားခဲ့ပါသည်။

Mitsubishi UFJ Financial Group က ၎င်းတို့ကုမ္ပဏီအနေဖြင့် ဧပြီလမှ ဇွန်လအထိ ၃လပတ်တာကာလအတွက် ဘဏ္ဍာရေးဆိုင်ရာစာရင်းတွေကို သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ လုပ်ငန်း အုပ်စုတစ်ခုလုံး၏ အသားတင်အမြတ်ငွေသည် ယန်းငွေအားဖြင့် ပြီးခဲ့သည့် နှစ်၏ အလားတူကာလကထက် ၅၃ % နီးပါး ကျဆင်းခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ အကြီးအကဲများက ပြောကြားခဲ့ပါသည်။

Sumitomo Mitsui Financial Group ၏ အမြတ်ငွေမှာ  ၆၀ % ကျော် ကျဆင်းခဲ့ပြီး Mizuho Financial Group ကုမ္ပဏီ၏ အမြတ်ငွေသည်  ၂၅နီးပါး အသီးသီကျဆင်းခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan