တိုကျို စတော့ရှယ်ယာဈေးကွက်၏ အဓိကကျသော Nikkei အညွှန်းကိန်းသည် မတ်လ ၁၈ ရက် နေ့တွင် မတည်မငြိမ်ဖြစ်ခဲ့ပြီး ၃နှစ်၊ ၄ လတာကာလအတွင်း ပထမ ဦးဆုံးအဖြစ် ၁၇၀၀၀ မှတ်အောက်သို့ ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။
နယူးယောကစတော့ဈေးကွက်၏ ရှယ်ယာ ဈေးတက်ခဲ့သည့်နောက် မတ်လ ၁၈ ရက်နေ့န့နက် စျေးဖွင့်ချိန်တွင် အဝယ်အမှာစာများ များပြားလာခဲ့ခြင်းကြောင့် တိုကျိုစတော့ဈေးကွက်ရှိ လက်ရွေးစင် အစုရှယ်ယာ ၂၂၅မျိုး၏ Nikkei အညွှန်းကိန်းသည် မြင့်တက်ခဲ့ကာ ၃၀၀မှတ်ကျော် အထိ မြင့်တက်ခဲ့ပါ သည်။
သို့သော် မွန်းလွဲပိုင်း အရောင်းအမှာစာများ ပိုမိုများပြားလာခဲ့ပြီး Nikkei အညွှန်းကိန်းသည် ၂၈၄ မှတ် ကျဆင်းခဲ့ကာ ၁၆၇၂၆ မှတ်ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း Nikkei အညွှန်းကိန်းသည် ၃၀ % ခန့်ထိ ကျဆင်းလာခဲ့ကြောင်း သိရပါသည်။ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာ့စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် စတော့ရှယ်ယာ ဈေးကွက်သည် ဆက်လက်၍ မတည်မငြိမ်ဖြစ်နေမည်ဟု မျှော်မှန်းသုံးသပ် နေကြပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)
 
                         
                        