Japan

ဂျပန်နှင့် တောင်ကိုရီးယားအကြား စီးပွားရေးဆိုင်ရာ လေကြောင်းခရီးစဉ်များ ပြန်စရန် အလားအလာရှိ

Last Updated:

ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စများနှင့် ခရီးသွားလာခွင့်ဆိုင်ရာကိစ္စရပ်များကို အစောဆုံးအနေ ဖြင့် အောက်တိုဘာလ ပထမသီတင်းပတ်တွင် စတင်ရန် သဘောတူရန် အလား အလာရှိနေပါကြောင်း သိရပါသည်။  

ဂျပန်အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ရန်  ထုတ်ပြန်ထားသည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို တဖြည်းဖြည်း စတင်ဖြေလျှော့ပေးနေပါသည်။ ဂျပန်နိုင်ငံသည် လက်ရှိတွင် ကာလလတ်နှင့် ကာလရှည် ဗီဇာရထားသည့် နိုင်ငံခြားသားအားလုံးကို ပြည်ဝင်ခွင့်ပြုပေးနေပါသည်။ ဗီယက်နမ်နှင့် ထိုင်ဝမ်နိုင်ငံတို့နှင့်လည်း  စီးပွားရေးအရ ဆက်ဆံသွားလာမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရပါ သည်။

ဂျပန်နိုင်ငံတွင် ကာလတို စီးပွားရေးဆိုင်ရာ ခရီးသွားလာခွင့်နှင့် နိုင်ငံခြားသားပညာရှင်များကို ကာလရှည် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ပြီး စင်္ကာပူ ပြီးပါက တောင်ကိုရီးယားနိုင်ငံသည် ဒုတိယမြောက်နိုင်ငံဖြစ်လာမည်ဟု သိရပါသည်။ ယခုကဲ့သို့ တောင်ကိုရီးယားနှင့် ခရီးသွားလာမှုများ ပြန်လည်စတင်ခွင့်ပြုခြင်းသည် စစ်အတွင်းက အလုပ်သမားပြဿနာကြောင့် တင်းမာနေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေရန် အထောက် အကူဖြစ်သွားမည်ဟု အာဏာရပါတီဝင်အချို့က ပြောကြားခဲ့ပါသည်၊။

အလားတူ တရုတ်နိုင်ငံနှင့်လည်း ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ယခု အောက်တိုဘာလနှောင်းပိုင်းတွင်  ဖြေလျှော့ဆောင်ရွက်ရန် တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ  ပြုလုပ်နေရာနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

 

Category: Japan