Japan

ဂျပန်အစိုးရသည် မော်တော်ကားဝယ်ယူရာတွင် "Environmental Performance Discount" ကို ထည့်သွင်းစဉ်းစားပြီး အခွန်လျှော့ချခြင်းကို သက်တမ်းတိုးရန်ပြင်ဆင်နေ

Last Updated:

ဂျပန်အစိုးရသည် ၂၀၂၁ ခုနှစ် မတ်လကုန်အထိ မော်တော်ယာဉ်ဝယ်ယူရာတွင် ကောက်ခံ သည့်အခွန်တွင် "Environmental Performance Discount" အခွန်လျော့ချထားခြင်း အစီအမံကို ပြန်လည်တိုးချဲ့ဆောင်ရွက်နိုင်ရေး ထည့်သွင်းစဉ်းစားနေကြောင်းသိရပါသည်။ လက်ရှိ ဂျပန်နိုင်ငံ သည် ကိုရိုနာကူးစက်ကပ်ရောဂါ တကျော့ပြန် ကူးစက်နေမှုကြောင့် စီးပွားရေးထိခိုက်မှုနှင့် ရင်ဆိုင်နေရပါသည်။

စက်တင်ဘာလတွင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှု၀န်ကြီးဌာန၏ ၂၀၀၉ ဘဏ္ဍာရေးနှစ်အတွက် အခွန်ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရန် တောင်းဆိုမှုတွင် ထည့်သွင်းရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယခုနှစ်အကုန်တွင် လက်ရှိအာဏာရပါတီ၏ အခွန်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စားသုံးမှုအခွန် တိုးမြှင့်ခဲ့သည့်အခါ "Environmental Performance Discount" ကို ၁% လျှော့ချ ခဲ့ပါပြီး ၂၀၂၀ ပြည့်နှစ်၊  စက်တင်ဘာလအကုန်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့သော် အာဏာရပါတီသည် ကိုရိုနာ ကပ်ရောဂါ ကူးစက်နေမှုကြောင့် ပြည်တွင်း၌ ပုဂ္ဂလိကစားသုံးမှုအပိုင်း ကျဆင်းလာမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ၆ လ သက်တမ်း ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် လက်ရှိ ကိုရိုနာကပ်ရောကူးစက်မှု ဖြစ်ပွားခြင်း၏ အနာဂတ်ကို မည်သူမျှ ကြိုတင် ခန့်မှန်းနိုင်မှုမရှိသေးသဖြင့် မော်တော်ယာဉ် လုပ်ငန်းနှင့်ဆက်နွယ်နေသော ကုမ္ပဏီများစွာ အပါ အ၀င် မော်တော်ယာဉ်လုပ်ငန်း ကဏ္ဍတစ်ရပ်လုံး၏ အလုပ်အကိုင်များစွာတွင်  ခက်ခဲသော အကျပ်အတည်းအနေအထားနှင့် ရင်ဆိုင်နေရပါသည်။

လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအကုန်တွင် ကိုရိုနာကပ်ရောဂါကူးစက်မှုကို ဖြေရှင်းနိုင်မည် ဆိုစေကာမူ နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူရန် အချိန်ကြာမြင့်မည်ဟု မျှော်လင့်ရသည်။ ထိုကြောင့် လာမည့်နှစ် မတ်လကုန်တွင် အခွန်လျော့ချမှုကို ရပ်ဆိုင်းလိုက်ပါက စားသုံးသူများမှ အခွန်တိုးမြှင့်မှုအဖြစ် မှတ်ယူသွားမည်ဟု  စိုးရိမ်ပူပန်မှုများရှိနေပါသည်။ အဆိုပါကိစ္စသည် ပြည်တွင်းစီးပွားရေးတစ်ခုလုံးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလာနိုင်ကြောင်းကို လည်း သုံးသပ်နေကြပါသည်။

အခြားတစ်ဖက်တွင်မူ အာဏာရပါတီမှ လူအချို့က အစိုးရသည် ဆောင်းဦးရာသီအပြီး စီးပွားရေးအစီအမံများကို ထပ်မံထည့်သွင်းစဉ်းစား လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ ထိုသို့ စဉ်းစားမှုတွင်  "Environmental Performance Discount" နှုန်းကို ပြန်လည်တိုးမြှင့်ခြင်းဆိုင်ရာ ဆွေးနွေးမှုများသည် ယခုနှစ်ကုန်မတိုင်မီ စတင်လိမ့်မည်ဟု မျှော်လင့်နေကြကြောင်းနှင့်  "Environmental Performance Discount" သာမက  အခြား မော်တော် ယာဉ်နှင့် ပတ်သက်သော အခွန်များကို လျှော့ချရန်အတွက်လည်း စဉ်းစားနိုင်ကြောင်း သုံးသပ်နေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan