Germany

ဂျာမနီနိုင်ငံ Relief package အစီအစဉ်နှင့် စီးပွားရေးခန့်မှန်းတွက်ချက်မှုအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် စီးပွားရေးလေ့လာသည့်အဖွဲ့အစည်းများက လာမည့်နှစ်တွင် စီးပွားရေးကျဆင်းနိုင်ကြောင်း ခန့်မှန်းမှုများထွက်ပေါ်လာပြီးနောက်ပိုင်း ငွေကြေး ဖောင်းပွမှုနှုန်းသည် ဩဂုတ်လတွင် ၇.၉ ရာခိုင်နှုန်းမှ စက်တင်ဘာလတွင် ၁၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပြီး နှစ်ပေါင်း (၇၀) အတွင်း အမြင့်မားဆုံးစံချိန်သို့ ရောက်ရှိခဲ့ပါသည်။ Federal statistical office က စွမ်းအင်ဈေးနှုန်းများနှင့် စားသောက်ကုန်ဈေးနှုန်းများသည် စက်တင်ဘာလတွင် ယခင်နှစ်အလားတူ ကာလက ထက် ၄၃.၉ ရာခိုင်နှုန်းနှင့် ၁၈.၇ ရာခိုင်နှုန်းစီ မြင့်တက်လာခဲ့ကြောင်း၊ စက်သုံးဆီများအတွက် fuel subsidy ပြုလုပ်ပေးမှုနှင့် € 9 public transport ticket ဖြင့်သွား လာနိုင်မှုများ ပြီးဆုံးပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုများ ရှိလာစေခဲ့ကြောင်း၊ ထုတ်ပြန်ခဲ့ပါသည်။

ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz က ၂၈.၉.၂၀၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ယူရို ၁၅၀ ဘီလီယံမှ ၂၀၀ ဘီလီယံတန်ဘိုးရှိ Energy Relief package များ အတွက် စီစဉ်ဆောင်ရွက်နေမှုများရှိကြောင်း၊ ဈေးနှုန်းများကျလာစေရန် ဖက်ဒရယ်အစိုးရအနေဖြင့် အစွမ်းကုန်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ဂျာမန်စီးပွားရေးဝန်ကြီး Mr. Roberg Habeck က Relief package သည် ၂၀၂၄ ခုနှစ်၊ မတ်လ သို့မဟုတ် ဧပြီလလောက်အထိ ပံ့ပိုးရန်အစီအစဉ်ရှိကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner ကလည်း ယခုအစီအစဉ်သစ်များအရ ငွေကြေးဖောင်းပွမှုနှုန်း ထပ်မံမြင့်တက်စေမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြပါ သည်။

RWI think tank အဖွဲ့အစည်း မှ Head of Economic research ဖြစ်သူ Mr. Torsten Schmidt က မြင့်တက်နေသော စွမ်းအင်ဈေးနှုန်းများသည် စီးပွားရေးကျဆင်း မှု၏ အဓိကအကြောင်းရင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်ရမှုများအတွက် ပြီးပြည့်စုံသော ပြန်လည်ရပ်တည်မှုကို မရောက်ရှိနိုင်သေးခြင်းက လည်း အကြောင်းတစ်ချက်ဖြစ်ကြောင်း၊ ဥရောပ၏ အကြီးဆုံးစီးပွားရေးအင်အားစုသည် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်ကာလတွင် ကျုံ့ဝင်လာခဲ့ပြီဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။ မြူးနစ်မြို့ရှိ Ifo Institute က ထုတ်ပြန်ကြေငြာချက်အရ ငွေကြေးဖောင်းပွမှုသည် လာမည့် ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှ ၈.၈ ရာခိုင်နှုန်းအားဖြင့် ရှိနေနိုင် ပြီး ၂၀၂၄ ခုနှစ်ကာလပိုင်းလောက်တွင် European Central Bank (ECB) က မူလမျှော်မှန်းထားသည့် ၂ ရာခိုင်နှုန်းအထက်နားလောက်တွင် ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ဂျာမနီနိုင်ငံ၏ ၂၀၂၃ ခုနှစ် ဂျီဒီပီတိုးတက်မှုနှုန်းကို ၀.၄ ရာခိုင်နှုန်းပတ်ဝန်းကျင်တွင် ခန့်မှန်းထားရှိကြပြီး ၂၀၂၄ ခုနှစ်တွင် ပြန်လည်တိုးတက်ကောင်းမွန်လာနိုင် ကြောင်း ခန့်မှန်းထားရှိပါသည်။ ခန့်မှန်းတွက်ချက်မှုများကို  Ifo Institute၊ Kiel Institute for the World Economy၊ Halle Institute for Economic Research (IWH) နှင့် RWI – Leibniz Institute for Economic Research တို့ ၂ နှစ် တစ်ကြိမ် ပူးပေါင်းဆောင်ရွက်သည့် Joint Economic Forecast အစီအစဉ်အရ ရရှိလာ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ Federal Statistical Office ၏ ၂၈.၉.၂၀၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ကာလတွင် ဂျာမနီနိုင်ငံ၏ ပြည်သူ့ကြွေးမြီစုစုပေါင်းသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းထက် ၁.၀ ရာခိုင်နှုန်း (ယူရို ၂၂.၉ ဘီလီယံ) မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/german-inflation-hits-record-10-in-september/a-63276749
https://www.dw.com/en/germany-presents-new-200-billion-relief-plan-in-response-to-soaring-energy-prices/a-63279609

 

Category: Germany