Germany

ဂျာမနီနိုင်ငံက ယူအေအီးနိုင်ငံနှင့် စွမ်းအင်ကဏ္ဍပူးပေါင်းရန် စီစဉ်ဆောင်ရွက်

Last Updated:

ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr.Olaf Scholz သည် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ယူအေအီးနိုင်ငံသို့ သွားရောက်၍ LNG ဓာတ်ငွေ့ဝယ်ယူရရှိနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး သဘောတူညီမှုများ ပြုလုပ်ခဲ့ပါသည်။  ယူအေအီးနိုင်ငံ၊ Abu Dhabi မြို့တွင် ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် သမ္မတ Mr.Sheikh Mohammed bin Zayed Al Nahyan နှင့်တွေ့ဆုံ၍ ပင်လယ်ကွေ့ဒေသမှ LNG ဓာတ်ငွေ့များဝယ်ယူရန် တွေ့ဆုံဆေွးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ယူအေအီးနိုင်ငံ နှင့် Energy Security Agreement ပူးတွဲကြေငြာချက် လက်မှတ်ရေးထိုးခြင်းကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

ခရီးစဉ်အတွင်း ဂျာမန်စွမ်းအင်ကုမ္ပဏီ RWE သည် လာမည့် ဒီဇင်ဘာလတွင် ဟမ်းဘတ်မြို့အနီးရှိ Brunsbüttel LNG terminal သို့ တစ်ရက်လျှင် ဓါတ်ငွေ့ ၁၃၇၀၀၀ ကုဗမီတာ (0.95 billion kilowatt hours of electricity) ပို့ဆောင်ရန်  သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ RWEကုမ္ပဏီသည် ၂၀၂၃ ခုနှစ်မှစ၍ နှစ်ကာလရှည် ဓါတ်ငွေ့ပေးဝေမှု နားလည်သဘောတူညီမှုစာချွန်လွှာတစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။ Mr.Olaf Scholz နှင့်အတူ ဂျာမန် စွမ်းအင် ကုမ္ပဏီအများအပြား လိုက်ပါခဲ့ကြပြီး အဆိုပါကုမ္ပဏီများအနေဖြင့် လာမည့်ဆောင်းရာသီတွင် စွမ်းအင်ရရှိမှုအခက်အခဲများနှင့် ကြုံတွေ့ရနိုင်ခြင်း ရှိနေကြပါသည်။

ဂျာမနီနိုင်ငံအနေဖြင့် စွမ်းအင်ရရှိရေး အရင်းအမြစ်များအတွက် တစ်နေတည်းကို မှီခိုအားထားနေခြင်းမျိုးမဖြစ်စေရန် ရရှိနိုင်မည့်နေရာမျိုးစုံကို ရှာဖွေဆက်သွယ်ဆောင် ရွက်ထားရှိမှုကို အလေးထား ဆောင်ရွက်လျှက်ရှိပါသည်။ ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြုထားသည့် ရရှိနိုင်မည့် အရင်းအမြစ်များကိုလည်း ရှာဖွေ လျှက်ရှိပြီး ပင်လယ်ကွေ့ဒေသမှ ရရှိနိုင်ရန်အတွက်လည်း မျှော်လင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။


(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/germanys-olaf-scholz-welcomes-energy-security-deal-in-uae/a-63231070

 

 

Category: Germany