Germany

ဂျာမနီနိုင်ငံကုန်သွယ်မှုနှင့် စက်သုံးဆီဈေးနှုန်းများအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံသည် တတိယကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့သူဖြစ်ပြီး ပို့ကုန်တန်ဘိုးသည် နိုင်ငံစီးပွားရေး၏ ထက်ဝက်ခန့်ရှိပါသည်။ ၂၀၂၁ ခုနှစ်တွင် ပို့ကုန်ယူရို (၁၃၇၅.၆၅၈) ဘီလီယံနှင့် သွင်းကုန်ယူရို (၁၂၀၃.၁၇၄) ဘီလီယံရှိပြီး ကုန်သွယ်မှုပိုငွေ ယူရို (၁၇၂.၄၈၄) ဘီလီယံရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မေလအတွင်း စုစုပေါင်းပို့ကုန်တန်ဖိုး ၁၂၂.၃၀၀ ဘီလီယံရှိခဲ့ပြီး အီးယူပြင်ပနိုင်ငံများသို့ ပို့ကုန်တန်ဖိုး ယူရို (၅၇.၇) ဘီလီယံရှိခဲ့ရာ ဧပြီလထက် ၁.၁ ရာခိုင်နှုန်းအားဖြင့် တိုးတက်ခဲ့ပါသည်။ အဓိကတင်ပို့ခဲ့သည့်နိုင်ငံမှာ အမေရိကန်နိုင်ငံသို့ဖြစ်ပြီး တန်ဖိုးအားဖြင့် ယူရို (၁၃.၆) ဘီလီယံဖြစ်ကာ ကာလတူ ၂၀၂၁ ခုနှစ်၊ မေလထက် အမေရိကန်နိုင်ငံသို့ ၄၉.၇ ရာခိုင်နှုန်း ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အခြားတင်ပို့ခဲ့သည့် နိုင်ငံများမှာ တရုတ်နိုင်ငံသို့ ယူရို (၉.၃) ဘီလီယံ၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ယူရို (၅.၉) ဘီလီယံ တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ကာလတူထက် အသီးသီး ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။ ရုရှားနိုင်ငံသို့ တင်ပို့မှုမှာမူ ဧပြီလတွင် ယူရို (၀.၈) ဘီလီယံနှင့် မေလတွင် ယူရို (၁.၁) ဘီလီယံတို့ဖြစ်ကာ ၂၀၂၁ ခုနှစ်ကာလတူထက် ၆၄.၁ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် မေလတွင် ဂျာမနီနိုင်ငံ၏ ပို့ကုန်နိုင်ငံများအနက် အဆင့် (၁၀) နေရာတွင် ရှိနေပါသည်။ ဂျာမနီနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းပို့ကုန်များမှာ မတ်လတွင် ယူရို (၁.၀၀၁) ဘီလီယံ ရှိခဲ့ရာမှ ဧပြီလတွင် ယူရို (၈၆၇.၁၀) သန်းသို့ ကျဆင်းခဲ့သည်။

သွင်းကုန်ပိုင်းတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ၌ စုစုပေါင်းသွင်းကုန်တန်ဖိုး ယူရို (၁၂၁.၄၅၄) ဘီလီယံရှိခဲ့ရာ တရုတ်နိုင်ငံမှ ယူရို (၁၆.၇) ဘီလီယံ တင်သွင်းမှု ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ကာလတူထက် ၅၂.၈ ရာခိုင်နှုန်း ပိုမိုတင်သွင်းမှုရှိခဲ့ပါသည်။ တရုတ်နိုင်ငံမှ အဓိကတင်သွင်းကုန်များမှာ ဆေးဝါးကုန်ကြမ်းပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းကိရိယာများ၊ Chemical products ၊ Data processing equipment များဖြစ်ကြပါသည်။ ရုရှားနိုင်ငံမှ ယူရို (၃.၇) ဘီလီယံဖိုး တင်သွင်းခဲ့ပြီး ရေနံနှင့်ဓါတ်ငွေ့၊ ကျောက်မီးသွေး နှင့် refined petroleum products တို့ဖြစ်ပါသည်။ ကုန်သွယ်မှုပိုငွေအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ တွင် ပိုငွေ ယူရို (၀.၈)ဘီလီယံရှိခဲ့ပါသည်။

ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း တင်ပို့မှုမှာ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ယူရို (၁၉.၃၄၈) သန်းဖြင့် အများ ဆုံးတင်ပို့ခဲ့ပြီး ဧပြီလတွင် ယူရို (၇.၄၄၆) သန်းသို့ ရောက်ရှိခဲ့ပါသည်။

ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ  ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း တင်သွင်းမှုမှာလည်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် ယူရို (၁၂၁.၇၂၇) သန်း ဖြင့် အများဆုံးတင်သွင်းခဲ့ပြီး ဧပြီလတွင် ယူရို (၁၀၄.၆၁) သန်း တင်သွင်းမှုရှိခဲ့ပါသည်။

၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အတွင်း ဂျာမနီနိုင်ငံ၏ ဂျီဒီပီမှာ (၀.၂) ရာခိုင်နှုန်းအားဖြင့် တိုးတက်မှုရှိပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ မေလတွင် (၇.၉) ရာခိုင်နှုန်းရှိပါသည်။ ဂျာမနီနိုင်ငံတွင် အခြားအီးယူအဖွဲ့ဝင်နိုင်ငံများနည်းတူ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး ၁ လီတာလျှင် သတ်မှတ် နှုန်းဖြင့် အခွန်သက်သာခွင့် (ဓါတ်ဆီ၁လီတာလျှင် ၂၉.၅၅ ဆင့်၊ ဒီဇယ် ၁ လီတာလျှင် ၁၄.၀၄ ဆင့်) ကို ၃ လ (ဇွန်လမှ ဩဂုတ်လထိ) ပေးထားသည့် အစီအစဉ်ကြောင့် အချို့အိမ်နီးချင်းနိုင်ငံများထက် အနည်းငယ်ဈေးသက်သာနေခြင်း ရှိနေသည်။ အိမ်ခန်းဈေးနှုန်းများမှာလည်း ၂၀၂၂ ခုနှစ် ပထမ (၃) လအတွင်း ၂၀၂၁ ခုနှစ် ကာလတူထက် ၁၂ ရာခိုင်နှုန်းမြင့်တက်မှုရှိလာသလို စားသောက်ကုန်နှင့် အခြားကုန်စည်ဈေးနှုန်းများလည်း မြင့်တက် လာနေပါသည်။    
ဥရောပကော်မရှင်က အပတ်စဉ်ထုတ်ပြန်သော အီးယူ (၂၇) နိုင်ငံရှိ Eurosuper 95 နှင့် ဒီဇယ်ဆီတို့၏ တစ်လီတာစက်သုံးဆီဈေးနှုန်းများ (အခွန် ပေးဆောင်မှု အပါအဝင်) မှာ https://www.destatis.de/Europa/DE/Thema/Verkehr/kraftstoffpreise.html တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Sources: https://tradingeconomics.com/germany/exports
https://www.destatis.de/EN/Themes/Economy/Short-Term-Indicators/IMF/IMF_IWF.html?nn=22952#External

 

 

Category: Germany