Germany

ဂျာမနီနိုင်ငံတွင် ကုန်သွယ်မှုလိုငွေပြမှုဖြစ်ပေါ်ခြင်း

Last Updated:

ဂျာမနီနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ မေလတွင် calendar and seasonally adjusted ကိန်းဂဏန်းများအရ ပို့ကုန်ဝင်ငွေယူရို ၁၂၅.၈ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုတန်ဖိုး ယူရို ၁၂၆.၇ ဘီလီယံရှိခဲ့ပြီး နှစ်ပေါင်း (၃၀) ကျော် ကုန်သွယ်မှုပိုငွေပြခဲ့ရာမှ ပထမဦးဆုံးအကြိမ် လအလိုက်တွင် ယူရို ၁ ဘီလီယံလိုငွေ (Trade deficit) ပြလာခဲ့ကြောင်း Federal Statistical Office က ဇူလိုင်လ () ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ပို့ကုန်ပိုင်းတွင် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ယူရို ၆၇.၅ ဘီလီယံနှင့် အီးယူပြင်ပနိုင်ငံများသို့ ယူရို ၅၈.၃ ဘီလီယံတင်ပို့မှုရှိခဲ့ရာ အမေရိကန်နိုင်ငံသို့ယူရို ၁၃.၄ ဘီလီယံ၊ တရုတ်နိုင်ငံသို့ ယူရို ၈.၇ ဘီလီယံနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ယူရို ၅.၈ ဘီလီယံ တင်ပို့မှုရှိခဲ့ပါသည်။ သွင်းကုန်ပိုင်းတွင် အီးယူအဖွဲ့ဝင်နိုင်ငံ များမှ ယူရို ၆၁.၈ ဘီလီယံနှင့် အီးယူပြင်ပနိုင်ငံများမှ ယူရို ၆၅.၀ ဘီလီယံတင်သွင်းမှုရှိခဲ့ရာ တရုတ်နိုင်ငံမှ ယူရို ၁၈.၀ ဘီလီယံနှင့် အများဆုံး တင် သွင်းခဲ့ပြီး အမေရိကန်နိုင်ငံမှ ယူရို ၇.၄ ဘီလီယံနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံမှ ယူရို ၅.၈ ဘီလီယံ တန်ဖိုး တင်သွင်းခဲ့ပါသည်။

၂၀၁၈မှ ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်မှုအခြေအနေ (တန်ဘိုး- ယူရို ဘီလီယံ)

 

 

မူလကုန်သွယ်မှုကိန်းဂဏန်းများ (nominal basis) အရ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခြင်းမရှိသော်လည်း calendar and seasonally adjusted တွက်ချက်မှုများအရ လိုငွေဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံမှရုရှားနိုင်ငံသို့ ပို့ကုန်လျော့ကျသွားခြင်း၊ စွမ်းအင်ဈေးနှုန်းများမြင့်တက်မှုနှင့် Supply Chain ပိုင်း မတည်ငြိမ်မှုများဖြစ်ပေါ်ပြီး သွင်းကုန်ပစ္စည်းများတွင် စရိတ်များထပ်မံမြင့်တက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ဂျာမနီ နိုင်ငံ၏ နှစ်ပေါင်းများစွာ ကြီးမားသော ပို့ကုန်ဈေးကွက်ဖြစ်ခဲ့ပြီး ယခုအခါ ရုရှားနိုင်ငံသို့ ယခင်ကထက် ပို့ကုန်တန်ဖိုး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်း လာခဲ့ပါသည်။ ဂျာမနီနိုင်ငံသည် ဥရောပတွင် စီးပွားရေး အင်အားအကြီးမားဆုံးဖြစ်ပြီး ပို့ကုန်ဝင်ငွေသည် နိုင်ငံ၏ စီးပွားရေးမောင်းနှင်အား (Economic engine) တစ်ခုဖြစ်ပါသည်။ ဂျာမနီနိုင်ငံတွင် အရှေ့အနောက် ပြန်လည်ပေါင်းစည်းမှုပြုလုပ်ခဲ့ပြီး  ၁၉၉၁ ခုနှစ်မှစ၍ ကုန်သွယ်မှုပိုငွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ယခု ပထမဦးဆုံးအကြိမ် လအလိုက် ကုန်သွယ်မှုလိုငွေ တွေ့ကြုံရ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Sources:https://www.destatis.de/EN/Press/2022/07/PE22_279_51.html#

    https://www.nytimes.com/2022/07/04/business/germany-trade-deficit-exports-imports.html

 

Category: Germany