Germany

ဂျာမနီနိုင်ငံတွင် ခရီးသွားလာမှုများပြန်လည်မြင့်တက်လာ

Last Updated:

ဂျာမနီနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ပြည်တွင်းနှင့် ပြည်ပခရီးသွားဧည့်သည် အရေအတွက်သည် ဟိုတယ်၊ ဧည့်ရိပ်သာစသည်တို့တွင် တည်းခို မှုစာရင်းများမှ ကောက်ခံရရှိမှုအချက်အလက်များအရ (၅၈.၂) သန်းရှိခဲ့ကြောင်း Federal Statistical Office (Destatis) က ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ စာရင်းသည် ၂၀၂၁ ခုနှစ်ကာလတူထက် ၄ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်ကာလတူထက် ၀.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ် ရောဂါ မဖြစ်ပွားမီကာလကထက် ပိုမိုများပြားခဲ့ကြောင်းလည်း သိရှိရပါသည်။  ကပ်ရောဂါ မဖြစ်ပွားမီကာလ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် (၅၇.၈) သန်းရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် (၄၉.၅) သန်းသို့ ကျဆင်းမှုရှိခဲ့ပြီး ယခုအခါ ပြန်လည်မြင့်တက်လာခြင်း ဖြစ်ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.destatis.de/EN/Press/2022/10/PE22_429_45412.html;jsessionid=0C004654B327465CB54E5122023A20D7.live731

 

Category: Germany