Germany

ဂျာမနီနိုင်ငံတွင် စီးပွားရေးကျဆင်းမှုလျော့ပါးလာနိုင်ကြောင်းခန့်မှန်းခြင်း

Last Updated:

ဂျာမနီနိုင်ငံ၏ စီးပွားရေးအခြေအနေကို ရှေု့လာမည့် ၂၀၂၃ခုနှစ်တွင် ကျဆင်းလာနိုင်ဘွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းထားရှိမှုများအပေါ် မြူးနစ်မြို့အခြေစိုက် စီးပွားရေးသုတေသနအဖွဲ့ IFO က မူလခန့်မှန်းထားသည်ထက် စီးပွားရေးကျဆင်းမှုလျော့ပါးလာနိုင်မှုရှိကြောင်း သုံးသပ်ထုတ်ပြန်လိုက်ပါသည်။ ငွေကြေးဖောင်းပွမှုနှင့်ဓါတ်ငွေ့ဈေးနှုန်းများလျော့ကျလာခြင်းက အကြောင်းတစ်ချက်ဖြစ်ပြီး လာမည့်နှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို မူလ(၀.၃)ရာခိုင်နှုန်းအားဖြင့် ကျဆင်းလာရန် ခန့်မှန်းထားမှုအား (၀.၁)ရာခိုင်နှုန်းအားဖြင့်သာ ကျဆင်းလာရန်ရှိကြောင်း ခန့်မှန်းထားရှိပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုဝင်ဘာလတွင်(၁၀)ရာခိုင်နှုန်းရှိပြီး ၂၀၂၂ခုနှစ် တစ်နှစ်လုံးအတွက် ပျမ်းမျှ(၇.၈)ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၃ခုနှစ်အတွက် (၆.၄)ရာခိုင်နှုန်းကို ခန့်မှန်းထားရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမြင့်တက်မှုရှိနေသော်လည်း ဂျာမနီနိုင်ငံ၏ထုတ်လုပ်မှုကဏ္ဍရှိ ထုတ်ကုန်ပစ္စည်းများအတွက် ဝယ်လိုအားအခြေအနေမှာ အားကောင်းခိုင်မာနေဆဲဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူပြုကြောင်း၊ ထုတ်လုပ်မှုကဏ္ဍတွင် လုပ်သားဦးရေ(၅၀)ဦးနှင့် အထက်ရှိသောလုပ်ငန်းများရှိ စုစုပေါင်းလုပ်သားအင်အားသည် ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ (၅.၅)သန်းရှိပြီး ယခင်နှစ်ကာလတူထက် (၁.၁)ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း Federal Statistical Office ကထုတ်ပြန်ထားပါသည်။ ထို့ပြင်စစ်တမ်းကောက်ယူမှုများအရ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုများမှာလည်း တိုးတက်လာနေကြောင်း၊ ဓါတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာမှုနှင့်အတူ ဓါတ်ဆီဈေးနှုန်းနှင့် ဒီဇယ်ဆီဈေးနှုန်းများမှာလည်း အသီးသီးကျဆင်းလာခဲ့ကြောင်း၊ နိုဝင်ဘာလတွင် လက်ကားရောင်းချမှုဈေးနှုန်းများမှာ  ယခင်လကထက် (၀.၉)ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး ၂၀၂၁ခုနှစ်ကာလတူထက် (၁၄.၉) ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/german-economy-will-do-better-than-expected-researchers-say/a-64087434

             https://www.destatis.de/EN/Press/2022/

Category: Germany