Germany

ဂျာမနီနိုင်ငံတွင် ဘီယာ ပုလင်းခွံထုတ်လုပ်မှုများအခက်အခဲဖြစ်ပေါ်နိုင်ခြင်း

Last Updated:

ဂျာမနီနိုင်ငံတွင် ထုတ်လုပ်မှုစရိတ်များမြင့်မားမှုနှင့် သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် ဘီယာပုလင်းခွံထုတ်လုပ်မှုများ ပြတ်လပ်မှု ကြုံတွေ့ရ နိုင်ကြောင်း ဘီယာချက်စက်ရုံလုပ်ငန်းပိုင်ရှင်များက ပြောဆိုလာကြပါသည်။ German Brewers' Federation က အကြီးတန်းအမှုဆောင် အရာရှိ Mr. Holger Eichele က လာမည့်နွေရာသီအတွက် ဘီယာပုလင်းခွံများ လုံလောက်မှုမရှိတော့ဘဲ အသေးစားအလတ်စား ဘီယာချက်လုပ်ငန်းလုပ်ကိုင်သူ များကို အများဆုံးထိခိုက်မှုရှိနိုင်ကြောင်း၊ အခြားအကြောင်းတစ်ချက်မှာ ထရပ်ကားမောင်းသူများ ရရှိရန်ခက်ခဲလာခြင်းဖြစ်ပြီး supply chains ကို တည့်မတ်စေရန်အခက်အခဲများရှိလာကြောင်း၊ ရေရှည်စာချုပ်ချုပ်ဆိုလုပ်ကိုင်ခြင်း မရှိထားသည့် လုပ်ငန်းများအနေဖြင့် လွန်ခဲ့သည့်တစ်နှစ်ကထက် ဘီယာပုလင်းခွံအသစ်များကို ၈၀ ရာခိုင်နှုန်းပိုမိုပေး၍ ဝယ်ယူကြရမည့်အနေအထားတွင် ရှိနေကြောင်း၊ စားသုံးသူများအနေဖြင့် ဘီယာပုလင်းခွံ အလွတ်များကို ပြန်လည်အပ်နှံခြင်းဖြင့် ကူညီပေးကြစေလိုကြောင်း ထုတ်ဖော်ပြောဆိုပါသည်။ Bitburger Brewery လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက လည်း ဘီယာပုလင်းခွံများ ဝယ်လိုအားသည် ရောင်းလိုအားထက် ပိုမိုများပြားနေကြောင်း၊ ပြောဆိုပါသည်။ လက်ရှိတွင် လောင်စာစွမ်းအင်ထုတ်လုပ် မှုစရိတ်များ မြင့်တက်လာမှုက ဘီယာပုလင်းခွံများ ထုတ်လုပ်မှုကို နှေးကွေးစေလျှက်ရှိပါသည်။

ဂျာမနီနိုင်ငံတွင် ဘီယာသောက်သုံးသူများအနေဖြင့် ဘီယာဝယ်ယူသောက်သုံးချိန်တွင် ဘီယာပုလင်းနှင့် ပလပ်စတစ်ဘူးခွံများအတွက် ကြိုတင်ပေး ချေဝယ်ယူကြရပြီး ပုလင်းခွံဘူးခွံများကို ပြန်လည်ပေးသွင်းလျှင် မူလပေးချေထားသော တန်ဘိုး ပြန်လည်ရယူနိုင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများ ဖြေလျော့ပေးထားပြီးဖြစ်၍ ယခုနှစ်နွေရာသီတွင် ဆိုင်များ၌ ဘီယာသောက်သုံးမှုကို ကပ်ရောဂါကာလမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဟု သတ်မှတ်စီစဉ်ထားကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/beer-bottle-shortage-for-summer-season-german-breweries-warn/a-61833275

Category: Germany