Germany

ဂျာမနီနိုင်ငံတွင် အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းများအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၏ သုံးပုံတစ်ပုံကို အော်ဂဲနစ်စိုက်ပျိုးရေးပုံစံ လုပ်ကိုင်ရန် ချမှတ်ဆောင်ရွက်လျှက်ရှိရာ ဂျာမန်လယ်သမားများအနေဖြင့် ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ပေးမှုအစီအစဉ်များကို တောင်းဆိုလျက်ရှိပါသည်။ ဂျာမနီတစ်နိုင်ငံလုံးအနေဖြင့် လယ်သမားပေါင်း (၂၅၀၀၀၀) ဦးကျော်ရှိပြီး ထုတ်လုပ်မှုစရိတ်မျာ မြင့်တက်မှုကြောင့် ပျမ်မျှအားဖြင့် တစ်နေ့လျှင် စိုက်ပျိုးရေးလုပ်ငန်း (၆)ခု ပိတ်သိမ်းရမှုများ ရှိနေကြောင်းသိရှိရပါသည်။ ဂျာမန်လယ်သမားတစ်ဦး၏ ပြောကြားချက်အရ စိုက်ပျိုးထုတ်လုပ်မှုအတွက် လောင်စာစွမ်းအင်နှင့် လျှပ်စစ်ဓါတ်အား သုံးစွဲမှုများကုန်ကျစရိတ်သည် ယခင်ကထက် (၅၀) ရာခိုင်နှုန်း ပိုမိုကုန်ကျမှုများရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုသည်လည်း အကြောင်းတစ်ချက်ဖြစ်ကြောင်း သိရှိရပါသည်။

German Farmers’ Association (DBV) ၏ ပြောကြားချက်အရ ဂျာမနီနိုင်ငံတွင် အော်ဂဲနစ် လယ်သမားပေါင်း (၃၅၀၀၀) ဦးခန့်ရှိပြီး ငွေကြေးဖောင်းပွမှုဂယက်ရိုက်ခတ်မှုကြောင့် အော်ဂဲနစ် ထုတ်ကုန်ဈေးကွက် အားနည်းမှုများရှိခဲ့ပြီး ရောင်းချရမှုများမှာလည်း ၂၀၂၂ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းတွင် (၄.၁) ရာခိုင်နှုန်း ကျဆင်းမှုများရှိခဲ့ကြောင်း၊ စားသုံးသူများမှာလည်း အော်ဂဲနစ် ထုတ်ကုန်များကို ယခင်ထက် ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူစားသုံးကြရကြောင်း သိရှိရပါသည်။

ဂျာမန်အော်ဂဲနစ်လယ်သမားများစုရုံး၍ အစိုးရ၏စိုက်ပျိုးရေးမူဝါဒ ပြုပြင်ပြောင်းလဲပေးရေးနှင့် ရေရှည်စဉ်ဆက်မပြတ် တိုးတက်ရေးအစီအစဉ်များအရ ထောက်ပံ့ပေးမှုအစီအစဉ်များကို တောင်းဆိုသည့်အစီအစဉ်ကို ဘာလင်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော  Brandenburg Gate အရှေ့တွင် ၂၁-၁-၂၀၂၃ ရက်နေ့က Tractor များ မောင်းနှင်၍ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany