Germany

ဂျာမနီနိုင်ငံမှ ကားတင်သွင်းရာတွင် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ

Last Updated:

ဂျာမနီနိုင်ငံမှ ကားတင်သွင်းရာတွင် FCL -Full Container Load (မိမိကားတစ်မျိုးတည်း ကွန်တိန်နာတစ်လုံးစာရယူခြင်း) နှင့် LCL - Less than Container Load (အခြားကားများနှင့် ကွန်တိန်နာနေရာဝေမျှရယူခြင်း) တို့အနက် မိမိတင်သွင်းသည့် ကားအမျိုးအစားနှင့် အရွယ်အစားအလိုက် ရွေးချယ်ဆောင်ရွက်နိုင်ပါ သည်။ အခြားအမျိုးအစားတစ်ခုဖြစ်သည့် RoRo Ship (Roll on– roll off) မှာ တင်ချမည့်ဧရိယာတွင်ထားရှိပြီး အလွယ်တကူတင်ချမှုပြုနိုင်ခြင်း၊ ခရီးလမ်း ကြောင်းတိုတောင်းခြင်း၊ စရိတ်သက်သာမှုရှိခြင်း စသည့်အားသာချက်များရှိသော်လည်း ကားထိခိုက်နိုင်မှုနှင့်လုံခြုံမှုအတွက် အားနဲချက်များရှိနိုင်ပါသည်။ ဂျာမနီ နိုင်ငံမှ ကားတင်ပို့သည့် ကုမ္ပဏီအနေဖြင့်  International Automobile Registration Certificate နှင့် ကုမ္ပဏီများအတွက်ဖြစ်ပါက Trade Register Excerpt or a Business Registration တို့ရှိရန်လိုအပ်ပါသည်။ ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ ကားတင်သွင်းရာတွင် ပျမ်းမျှအနဲဆုံး (၄၅) ရက်မှ အများဆုံး () လထိ ကြာမြင့် နိုင်ကြောင်း သိရှိရပါသည်။

ကားအာမခံထားရှိခြင်း

ကားတင်သွင်းရာတွင် ကားအာမခံထားရှိရန်လိုအပ်ပြီး ကားအတွက် (၁၀၀) ရာခိုင်နှုန်းအာမခံထားရှိ၍ ပို့ဆောင်ပါက စိတ်ချသေချာမှုရှိစေပြီး ဥပမာ- Mercedes Benz အမျိုးအစား ကားတစ်စီးဝယ်ယူတင်သွင်းပါက ကားအာမခံထားရှိမှုအပါအဝင် ပျမ်းမျှယူရို  (၄၀၀၀) ကျော်ကျသင့်နိုင်ပြီး အာမခံမထားရှိပါက ထက်ဝက်ခန့် လျော့နည်းနိုင်ကာ ယူရို (၂၀၀၀) မှ (၃၀၀၀) အတွင်း ကျသင့်နိုင်ပါသည်။

Shipping Line

ဂျာမနီနိုင်ငံမှ ကားတင်သွင်းခြင်းအတွက် အများအားဖြင့် ဟမ်းဘတ်ဆိပ်ကမ်း၊ Bremen ဆိပ်ကမ်းနှင့် နယ်သာလန်နိုင်ငံ Rotterdam ဆိပ်ကမ်းကို အသုံးပြုကြပါ သည်။ Shipping Line များစွာရှိပြီး  Hamburg Tankers Economic shipping, MSC, Borealis Maritime, Mundial RoRo shipping service, Hamburg Süd,  Hapag Lloyd, Orient Overseas Container Line တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းအတွက် Shipping line အနေဖြင့် Hapag Lloydနှင့် Orient Overseas Container Line () မျိုးကို အများအားဖြင့် အသုံးပြုကြပါသည်။ Hapag Lloydသည် တစ်လလျှင် () ကြိမ် ထွက်ခွာလေ့ရှိပါသည်။ ကားအတွက် Container ရရှိခြင်းနှင့် တင်ဆောင်ပြီးခြင်းရှိမရှိပေါ်မူတည်၍ ဆိပ်ကမ်းမှထွက်ခွာမည့်အချိန်နှင့် မြန်မာနိုင်ငံသို့ ခန့်မှန်း ရောက်ရှိချိန်ကို သိရှိနိုင်ပါသည်။ ထွက်ခွာမည့်ဆိပ်ကမ်း အပြောင်းအလဲရှိပါက သွင်းကုန်ပါမစ်တွင် ပြန်လည်ပြင်ဆင်ရခြင်းရှိ၍ အချိန်ပိုမိုလိုအပ်ခြင်းများ ရှိလာနိုင်ကြောင်းလည်း လေ့လာသိရှိရပါသည်။

Freight forwarder agency ငှားရမ်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမှ ကားတင်သွင်းသူသည် သွင်းကုန်လိုင်စင်ရရှိပြီးနောက် ဂျာမနီနိုင်ငံရှိ ကားထုတ်လုပ်သည့်ကုမ္ပဏီမှကားကို တိုက်ရိုက်သော်လည်းကောင်း၊ အေးဂျင့်များ မှတဆင့်လည်းကောင်း ဝယ်ယူနိုင်ပါသည်။ ဆက်လက်၍ ကားကို သင်္ဘောတင်ပို့မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် Forwarding agency ငှားရမ်း၍ ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်ပါသည်။ Forwarding agency က သင်္ဘောလိုင်းကုမ္ပဏီနှင့်ဆက်သွယ်ခြင်း၊ ကားအာမခံထားရှိခြင်း၊ ကားကို ဆိပ်ကမ်းသို့ပို့ဆောင်ခြင်း၊ Shipping Line နှင့် ထွက်ခွာမည့်အချိန်ဇယားတို့ ကိုက်ညှိဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းရှင်းလင်းရေးနှင့် အခြားလိုအပ်သည့် စာရွက် စာတမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများနှင့် သင်္ဘောတင်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးပါသည်။ Freight forwarder agency အချို့၏ စာရင်းများမှာ  LECHNER Umzugs+ Logistik GmbH, Siemens Logistics GmbH, eCom Logistik, MOODJA, Kopf + Lübben Cargo Services, VISA Global Logistics Germany, Cargo trans စသည်တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းအတွက် LECHNER Umzugs+ Logistik GmbH နှင့် Cargo trans () မျိုးကို အများအားဖြင့် အသုံးပြုကြပါသည်။

ပျမ်းမျှအားဖြင့် ဟမ်းဘတ်ဆိပ်ကမ်းတွင် သင်္ဘောတင်ရန်စောင့်ဆိုင်းမှု (၁၀) ရက်ခန့်ကြာမြင့်နိုင်ပြီး ဆိပ်ကမ်းမှ စတင်ထွက်ခွာ၍ သင်္ဘောလိုင်းပေါ်မူတည်ပြီး Transit ရပ်နားမည့်နေရာသည် ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံများတို့အနက် တစ်ခုခုဖြစ်နိုင်ပါသည်။ ဥပမာ- ဂျာမနီနိုင်ငံမှ စင်ကာပူဆိပ်ကမ်းသို့ ရောက်ရှိချိန်မှာ အနည်းဆုံး () လနှင့် အများဆုံး () လခွဲ ခန့်ကြာမြင့်နိုင်ပါသည်။ ဆက်လက်၍ စင်ကာပူဆိပ်ကမ်းတွင်  (၅) ရက်မှ (၁၀) ရက်အတွင်း ကြာမြင့်နိုင် ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိချိန်ထိ စုစုပေါင်း () လနီးပါးခန့် ကြာမြင့်နိုင်ပါသည်။ စင်ကာပူဆိပ်ကမ်းတွင် ကြာမြင့်ချိန်သည် လိုင်းကြေး ပေးဆောင်ရခြင်း၊ သင်္ဘောပြောင်းရွေ့တင်ဆောင်ခြင်း ကြာမြင့်ချိန်များပေါ်တွင် မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Sources: https://www.goodfirms.co/supply-chain-logistics-companies/shipping/germany

  https://freightfinders.com/sea-freight/car-shipping/germany/

  Information from Myanmar Community in Germany

 

 

Category: Germany